ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁
ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုဦးရေ လျင်မြန်စွာ တိုးတက်လာမှုကြောင့် DAWN အနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည်များကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိကာလတွင် ဌာနခွဲများအနေဖြင့် အစိုးရမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ အဖွဲ့ဝင်များ လိုအပ်သော မရှိမဖြစ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေး လျက်ရှိနေပါသည်။ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အောက်ဖော်ပြပါအတိုင်း စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲများတွင် ထိတွေ့မှုများသည့် တံခါးလက်ကိုင်များ၊ ထိုင်ခုံများ၊ ငွေကောင်တာများနှင့် သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးပြုခြင်းအပြင် အဖွဲ့ဝင်များလက်ဆေးရန်အတွက် နေရာများ ထားရှိခြင်း၊ ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရောဂါပိုးကူးစက်ခံရမှုမှကာကွယ်ရန်နှင့် တန်ဖိုးထားရသော အဖွဲ့ဝင်များကူးစက်ခံရမှုမရှိစေရန်အတွက် လိုအပ်သော ပါးစပ်နှင့်နှာခေါင်းစည်းများ၊ […]
ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁ Read More »










