





Slide One

Slide Two

Slide Three

Slide Four

Slide Five

Slide Six


ယခုအခါ Smart Certificate ရရှိခဲ့ပြီဖြစ်သော DAWN
Early Dawn Microfinance ကုမ္ပဏီလီမိတက်သည် Smart Campaign ၏ အဖွဲ့ဝင်အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို MicroFinanza Rating ဖြင့် စီစစ်မှတ်ကျောက်တင်ခံခဲ့ရာ၊ အဖွဲ့ဝင်ဗဟိုပြုစံနှုန်းများနှင့် ကိုက်ညီမှုရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုသည် ယခုကဲ့သို့ အသိအမှတ်ပြုလက်မှတ်ရရှိသည့်အခါ၊ ၎င်းအဖွဲ့အစည်းသည် မိမိအဖွဲ့ဝင်များကို ငွေကြေး ဝန်ဆောင်မှုပေးရာတွင် လုံလောက်သော အဖွဲ့ဝင်အကာအကွယ်ပေး စောင့်ရှောက်မှုစံနှုန်းနှင့် ကိုက်ညီမှု ရှိကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု
Early Dawn Microfinance Company Limited (DAWN) သည် မြန်မာနိုင်ငံရှိ အကြီးမားဆုံးနှင့် အထင်ရှားဆုံး အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး တရားဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ မရရှိသော သို့မဟုတ် ရရှိနိုင်မှုအခွင့်အလမ်းနည်းပါးသော ပြည်တွင်းဒေသခံ တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင်များကို ငွေကြေးဝန်ဆောင်မှုပေးလျက် ရှိပါသည်။
ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာ မိတ်ဖက်
DAWN သည် ကျွန်ုပ်တို့ အဖွဲ့ဝင်များ၏ တိုးတက်အောင်မြင်မှုအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်ပါသည်။ ရှေးပြေးဦးဆောင်လျက်ရှိသော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အဖွဲ့ဝင်များ နှင့် ၎င်းတို့၏ သုခချမ်းသာ အောင်မြင်မှုကို အကျိုးရှိစေမည့် ငွေကြေးဆိုင်ရာ အကူအညီ အထောက်အပံ့များကို ဝန်ဆောင်ခ သက်သက်သာသာနှင့် အလွယ်တကူ ရရှိနိုင်ရေးကို DAWN အနေဖြင့် အလေးထား ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ DAWN အဖွဲ့ဝင်များ အောင်မြင်မှုရရှိခြင်းသည် DAWN အဖွဲ့အစည်း အောင်မြင်မှု ရရှိခြင်းပင်ဖြစ်ပါသည်။

အဓိက လုပ်ငန်းဆောင်ရွက်မှု ကိန်းဂဏန်းများ
မတ် ၂၀၂၅ မှစ၍
- လက်ရှိ ချေးငွေ ရယူထားသူ ဦးရေ
- ရုံးခွဲ ပေါင်း
ကျပ်
ဘီလီယံ
- ချေးငွေလက်ကျန်ပမာဏ
- ဝန်ထမ်း ဦးရေ
- ချေးငွေအရာရှိ ဦးရေ
ကျွန်ုပ်တို့၏ ဌာနခွဲများ (ဝန်ဆောင်မှုပေးလျက်ရှိသည့် နေရာဒေသများ )
ယခုအခါ မြန်မာနိုင်ငံတဝန်းတွင် ဌာနခွဲပေါင်း ၆၂ ရုံးဖွင့်လှစ်ထားသည်။
DAWN က လွယ်ကူလျင်မြန်သက်သာတဲ့ချေးငွေတွေ နဲ့ အထူးကောင်းမွန်တဲ့ဝန်ဆောင်မှုကို ပေးစွမ်းနိုင်တယ်

ဒေါ်ချိုချိုဝင်း
ထုတ်လုပ်ရေးလုပ်ငန်း
DAWN ချေးငွေသည် ကျွန်မရဲ့လယ်ယာလုပ်ငန်းအတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ လွယ်ကူရိုးရှင်းတဲ့လုပ်ငန်းစဉ်၊ သင့်တင့်မျှတတဲ့ သတ်မှတ်ချက်များ နဲ့ လျင်မြန်တဲ့ ခွင့်ပြုချက်တို့က ကျွန်မကို အရည်အသွေးကောင်းမွန်တဲ့ မျိုးစေ့နဲ့ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒေါ်ကြူကြူမာ
ကုန်စုံဆိုင်လုပ်ငန်း
DAWN ချေးငွေသည် ကျွန်မရဲ့လယ်ယာလုပ်ငန်းအတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ လွယ်ကူရိုးရှင်းတဲ့လုပ်ငန်းစဉ်၊ သင့်တင့်မျှတတဲ့ သတ်မှတ်ချက်များ နဲ့ လျင်မြန်တဲ့ ခွင့်ပြုချက်တို့က ကျွန်မကို အရည်အသွေးကောင်းမွန်တဲ့ မျိုးစေ့နဲ့ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒေါ်မိုးမိုးဝေ
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း
ချေးငွေပမာဏက ကျွန်တော့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အတွက် ကျွန်တော် DAWN ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ချေးငွေလျှောက်ထားမှု အဆင့်ဆင့်ကလည်း မရှုပ်ထွေးပါဘူး။ အထူးသဖြင့် အာမခံအဆင့်မှာပါ။ ဒီချေးငွေက ကျွန်တော့် လုပ်ငန်းရဲ့ငွေကြေးလည်ပတ်မှုကို ပိုအဆင်ပြေလာစေပါတယ်။

ဦးဉာဏ်ဝင်း
ရာသီသီးနှံပွဲရုံလုပ်ငန်း
DAWN က ကျွန်မသိသမျှ MFI တွေထဲမှာ အကောင်းဆုံးပါပဲ။ ကျွန်မအနေနဲ့ တခြားသူတွေအတွက် DAWN ကို အပြည့်အဝ ထောက်ခံပါတယ်။ အမှတ် ၁၀ မှာ ၁၀ အပြည့် ပေးပါတယ်

ဒေါ်ခင်သူဇာ
ကုန်စုံဆိုင်လုပ်ငန်း
DAWN နှင့်အတူ လက်တွဲလိုက်ပါ။
DAWN အနေဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်မည့် အခွင့်အလမ်းများကို စိတ်ပါဝင်စားသော အပြုသဘောဆောင်သည့် စိတ်သဘောထားရှိပြီး ထူးချွန်ထက်မြက်၍ အရည်အချင်းပြည့်ဝသူများကို စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား၊ ဒါဆို သင် အောင်မြင်မှုတွေရရှိဖို့ DAWN က ကူညီဖြည့်ဆည်းပေးရန် အဆင်သင့် ရှိနေပါတယ်။