ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ

COVID-19 ရောဂါ သိသာစွာ ပျံ့နှံ့မှုသည် ကမ္ဘာအနှံ့ရှိ အများပြည်သူလူထု၏ လူမှုဘဝများ၊ အသက်မွေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့ပါသည်။ ဤအခြေအနေကို တန်ပြန်တုံံ့ပြန်သည့်အနေဖြင့် DAWN သည် ၎င်း၏ စီးပွားရေးလုပ်ငန်း သက်ရောက်မှုအပေါ် နည်းနိုင်သမျှ နည်းပါးစေရန်သာမက အဖွဲ့ဝင်များ၏ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အတွက် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်စီးပွားရေးအစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါသည်။

အောက်ပါတို့သည် ကျွန်ုပ်တို့က အဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးနေသည့် နည်းလမ်းလေးရပ် ဖြစ်ပါသည်။

၁။ အာဏာပိုင်များက ချမှတ်ထားသော ကန့်သတ်ချက်များကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်စဉ် ချေးငွေ ထုတ်ပေးမှုများနှင့် ပေးသွင်းမှုများ အဆင်ပြေချောမွေ့စေရန် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုပြင်ခြင်း

DAWN သည် အဖွဲ့ဝင်များ ၎င်း၏ စီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဘဏ်များနှင့် မိုဘိုင်းငွေကြေး ကိုယ်စားလှယ်များမှတစ်ဆင့် ပြန်လည်ပေးသွင်းမှုများပြုလုပ်ရန် တိုက်တွန်းလျက်ရှိပါသည်။ အဖွဲ့ဝင်များအတွက် တတိယ အဖွဲ့အစည်းမှတစ်ဆင့် ပေးသွင်းမှုများပြုလုပ်ရန် အဆင်မပြေလျှင် ချေးယူသူများအတွက် သွားလာမှု ကုန်ကျစရိတ် ပြန်လည်ထုတ်ပေးစဉ် ရုံးခွဲသို့ အုပ်စု၏ ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် နှစ်ဦးနှင့် တစ်ဦးချင်းချေးယူသူတို့ လာရောက်နိုင်ပါသည်။ ဤအပြောင်းအလဲသည် COVID-19 မဖြစ်ပွားခင်ကာလက သတ်မှတ်ထားသော ကောက်ခံသည့်နေရာများ၌ အုပ်စုတစ်စုအနေဖြင့် ပေးသွင်းမှုများ ပြုလုပ်ခဲ့သော အုပ်စု ချေးငွေ အဖွဲ့ဝင်များအတွက် သင့်လျော်ပါသည်။ Covid-19 ကာကွယ်တားဆီးရေးနှင့် တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရန် ငွေထုတ်ပေးခြင်းများအတွက် တက်ရောက်သူအရေအတွက်ကို အများဆုံး ငါးဦးအထိ ကန့်သတ်ခဲ့ပါသည်။ အဆိုပါ ကန့်သတ်ချက်များ လျှော့ပေါ့ပေးစဉ် DAWN သည် ရုံးခွဲများတွင် တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့မှု မရှိစေရေး ဆောင်ရွက်ချက်များကို ကျင်းသုံးနေဆဲဖြစ်ပါသည်။ ထို့အပြင် DAWN သည် တစ်ဦးချင်းချေးငွေများအတွက် ချေးငွေ သုံးသပ်ချက်များကို အဝေးမှ ဆောင်ရွက်ခဲ့ပါသည်။

၂။ ခက်ခဲသည့် အခြေအနေများကို လိုက်လျောညီထွေဖြစ်စေရန် အဖွဲ့ဝင်များအတွက် ထုတ်ကုန်အသစ် ပေးခြင်း

DAWN သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပျက်သဘော သက်ရောက်ခဲ့ရသည့် အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန် “Emergency Top-Up Loan” ဟု ခေါ်သော ထုတ်ကုန်အသစ်ကို ဖန်တီးရေးဆွဲခဲ့ပါသည်။ အဆိုပါ ချေးငွေကို အဖွဲ့ဝင်၏ လက်ရှိချေးငွေနှင့်အပြိုင် ငွေထုတ်ပေးပါသည်။

၃။ ငွေပေးသွင်းမှုများ ပြန်လည်ရေးဆွဲခြင်းနှင့် ကြိုတင်ပေးချေသော ချေးငွေများ ပံ့ပိုးခြင်း

DAWN သည် ငွေပေးသွင်းမှု စွမ်းဆောင်ရည်ကို ပြန်လည်သတ်မှတ်ရန် အဖွဲ့ဝင်များနှင့် ဆက်သွယ်ပြီး ပြန်လည်ရေးဆွဲခြင်းဆိုင်ရာ ရွေးချယ်မှုများကို ဆုံးဖြတ်ဆောင်ရွက်နေပါသည်။ မလုံလောက်ခဲ့ပါက ဒုတိယအဆင့်သည် အဖွဲ့ဝင်များက ကြိုတင်ပေးချေသည့် ချေးငွေကို တောင်းဆိုနိုင်ပြီး ၎င်းတို့၏ လက်ရှိချေးငွေ၏ ကျန်ရှိသည့် လက်ကျန်ငွေကို ခုနှိမ်ရန် ပမာဏအချို့ကို နုတ်ယူနိုင်ပါသည်။

၄။ Covid-19 ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရေးတွင် အချက်အလက်ပံ့ပိုးရေး ဌာနများ တည်ထောင်ပေးခြင်း

DAWN သည် အဖွဲ့ဝင်များကို ကူညီပေးနိုင်ရန် ရုံးချုပ်နှင့် ရုံးခွဲများတွင် တတ်နိုင်သည့် နည်းလမ်းများဖြင့် အဆက်အသွယ်များ ပံ့ပိုးပေးထားပါသည်။

အခြေအနေတဖြည်းဖြည်းတိုးလာသော်လည်း DAWN အနေဖြင့် ကျွန်ုပ်တို့ အဖွဲ့ဝင်များ၏ လိုအပ်ချက် ပြောင်းလဲမှုများကို အမြဲမပြတ် နားထောင်နေပြီး ဤခက်ခဲသော အချိန်ကာလအတွင်း ၎င်းတို့ကျေနပ် အဆင်ပြေစေသော အဖြေများဖြင့် တုံ့ပြန်ဆောင်ရွက်လျက် ရှိပါသည်။

Scroll to Top