သတင်းများ

🌱 Growing Stronger Together, Leading with Purpose 💛

Early Dawn Microfinance ၏ Branch Heads Workshop ကို စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့၊ Summit Parkview Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Workshop တွင် CEO, CFO, COO, HOD များနှင့် Region/Branch Heads များ ပါဝင်တက်ရောက်ခဲ့ကြပြီး လုပ်ငန်းခွင်အတွင်း ပိုမိုထိရောက်သော Leadership နှင့် Management များ တည်ဆောက်နိုင်ရန်အတွက် အတွေ့အကြုံများ၊ အမြင်များနှင့် လုပ်ငန်းဆိုင်ရာအကြောင်းအရာများကို အတူတကွ ဆွေးနွေးလေ့လာခဲ့ကြပါသည်။ 🤝 Workshop အတွင်းမှာတော့ ✨ Motivation & Leadership – မိမိကိုယ်တိုင်နှင့် မိမိ၏ Team […]

🌱 Growing Stronger Together, Leading with Purpose 💛 Read More »

Together We Achieve More!

Early Dawn Microfinance ရဲ့ CBS & DFA Project မှာ စိတ်ရောကိုယ်ပါ ကြိုးစားပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် Pilot-Testing အဆင့်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ရုံတင်မကဘဲ ကောင်းမွန်တဲ့အတွေ့အကြုံ၊ သင်ခန်းစာနဲ့ Feedback များစွာကိုလည်း တက်ကြွစွာ မျှဝေပေးခဲ့ကြတဲ့သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလို ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု တန်ဖိုးထားတဲ့အနေနဲ့ Senior Management Team ကနေပြီး Pilot-Testing မှာပါဝင်ခဲ့ကြသူများအားလုံးအတွက် ဂုဏ်ပြုနေ့လည်စာစားပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီထက်မက ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို အတူတကွ ပုံဖော်သွားကြဦးမှာပါ! 🚀

Together We Achieve More! Read More »

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် INTERNSHIP & CAREER FAIR 2026

Early Dawn Microfinance အနေဖြင့် သြဂုတ်လ (၂၈) ရက်နေ့က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် (ဘက်စုံသုံးခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ “အလုပ်သင်နှင့်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (INTERNSHIP & CAREER FAIR 2026)” အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲကြီးမှာ ဂုဏ်ယူစွာနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူငယ်တွေအတွက် Career Opportunities တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ DAWN Microfinance မှာ အတူတကွ အလုပ်လုပ်ရင်း သင်ယူနိုင်မယ့် အနာဂတ်လမ်းကြောင်းတွေကို မျှဝေပေးနိုင်ခဲ့တဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် INTERNSHIP & CAREER FAIR 2026 မှာ DAWN Microfinance နဲ့ လာရောက်တွေ့ဆုံပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ သင့်ရဲ့ Career Journey ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် INTERNSHIP & CAREER FAIR 2026 Read More »

🌱 ပျော်ရွှင်မှုတွေမျှဝေရင်း အနာဂတ်အတွက်အားဖြည့်ပေးခဲ့သော Early Dawn Microfinance ရဲ့ CSR Program

Early Dawn Microfinance မှ ကလေးတွေရဲ့ အနာဂတ်ပိုမိုတောက်ပလာစေဖို့ ရည်ရွယ်ပြီး လူမှုအကျိုးပြုလှုပ်ရှားမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ “ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာ” ၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် Senior Management Team Members များနှင့် ဝန်ထမ်းများစုပေါင်းပြီး တက်ကြွစွာဆောင်ရွက်ခဲ့ကြပါသည်။ ဒီ Activity လေးမှာ အားလုံးနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို မျှဝေခွင့်ရခဲ့ပါတယ်။ 🎶 ကလေးတွေအတွက် သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ခြင်း 🎮 ပျော်ရွှင်စရာ ဂိမ်းများ အတူတူကစားပေးခဲ့ခြင်း 🍞 မနက်စာ၊ နေ့လည်စာနဲ့ မုန့်မျိုးစုံ ကျွေးမွေးပေးခဲ့ခြင်း 🎁 ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲနဲ့ အခြားစားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့ခြင်းတို့ဖြင့် ကလေးတွေနဲ့အတူ နွေးထွေးပျော်ရွှင်စရာနေ့တစ်နေ့ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 💕 ကလေးတွေရဲ့

🌱 ပျော်ရွှင်မှုတွေမျှဝေရင်း အနာဂတ်အတွက်အားဖြည့်ပေးခဲ့သော Early Dawn Microfinance ရဲ့ CSR Program Read More »

Dagon University Career Fair 2026

Early Dawn Microfinance အနေဖြင့် ဇူလိုင်လ (၉) ရက်နေ့က ဒဂုံတက္ကသိုလ် (အားကစားခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့တဲ့ “Dagon University Career Fair-2026” အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲကြီးမှာ ဂုဏ်ယူစွာနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီပွဲလေးကနေတစ်ဆင့် လူငယ်တွေအတွက် Career Opportunities တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ DAWN Microfinance မှာ အတူတကွ အလုပ်လုပ်ရင်း သင်ယူနိုင်မယ့် အနာဂတ်လမ်းကြောင်းတွေကို မျှဝေပေးနိုင်ခဲ့တဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ Dagon University Career Job Fair 2026 မှာ DAWN Microfinance နဲ့ လာရောက်တွေ့ဆုံပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ သင့်ရဲ့ Career Journey ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် DAWN

Dagon University Career Fair 2026 Read More »

Early Dawn Microfinance ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု

Early Dawn Microfinance ကုမ္ပဏီ၏ ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဇူလိုင်လ (၃) ရက်နေ့တွင် DAWN ရုံးချုပ်၌ ကုသိုလ်ပြု ကျင်းပခဲ့ပါသည်။ အလှူပွဲတွင် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ နဝကမ္မဝတ္ထုများ နှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာနှင့် နေ့လည်စာတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ 🙏🏻 ဤကောင်းမှုကုသိုလ်အစုစုကို Early Dawn Microfinance မိသားစုဝင်များနှင့်အတူ နတ်လူသတ္တဝါအပေါင်းတို့ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပြီး ကုသိုလ်အဖို့ဘာဂများ ရရှိခံစားနိုင်ကြပါစေကြောင်း မျှဝေမှတ်တမ်းတင်အပ်ပါသည်။

Early Dawn Microfinance ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု Read More »

Early Dawn Microfinance ၏ Credit Team Workshop အောင်မြင်စွာ ကျင်းပပြုလုပ်

Early Dawn Microfinance Company Limited ၏ Credit Team မှ ဦးဆောင်ကျင်းပသည့် Credit Team Workshop ကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂ ရက်တာကာလအတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Workshop သို့ CEO နှင့် COO တို့အပါအဝင် Credit Team မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများနှင့် အသိပညာများကို အတူတကွ မျှဝေဆွေးနွေးခဲ့ကြပါသည်။ Workshop အတွင်းတွင် DAWN ၏ လုပ်ငန်းအခြေအနေများနှင့် ဈေးကွက်အခြေအနေများကို မျှဝေခြင်းအပြင် Income Statement နှင့် Balance Sheet များမှ

Early Dawn Microfinance ၏ Credit Team Workshop အောင်မြင်စွာ ကျင်းပပြုလုပ် Read More »

DAWN Microfinance (၁၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲ

Early Dawn Microfinance ၏ (၁၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် ရန်ကုန် (ရုံးချုပ်)၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် DAWN ၏ CEO နှင့် တာဝန်ရှိသူများမှ (၁၁) နှစ်ပြည့်မြောက်သည့် အခါသမယတွင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယနေ့အချိန်အထိ DAWN နှင့်အတူ လက်တွဲ၍ ကြိုးစားပံ့ပိုးပေးခဲ့ကြသော ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုခဲ့ပါသည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲ (၆၄)ရုံးတွင်လည်း သတ်မှတ်ထားသော နေ့ရက်အလိုက် ကုမ္ပဏီ၏ (၁၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ဝန်ထမ်းများအားလုံးအတူတစ်ကွ ပျော်ရွှင်စွာ ပါဝင်နိုင်သော အစီအစဉ်များဖြင့် သီးခြားစီ စီစဉ်ကျင်းပပြုလုပ်ခဲ့ကြပါသည်။ Early Dawn Microfinance အနေဖြင့် (၁၁) နှစ်

DAWN Microfinance (၁၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲ Read More »

DAWN Team Successfully Completed the KBZ Community 10-Mile Run 2026

DAWN Team သည် ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် KBZ Community 10-Mile Run 2026 တွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်စွာ ပန်းတိုင်သို့ ရောက်ရှိခဲ့ပါသည်။ ယခုပါဝင်မှုသည် ပြေးပွဲတစ်ခုကို ပြီးမြောက်ခြင်းထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်မှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် ပိုမိုကောင်းမွန်လာရန် ဆက်လက်ကြိုးပမ်းလိုသော စိတ်အားထက်သန်မှုတို့ကို ထင်ဟပ်စေသော အဓိပ္ပာယ်ရှိသည့် အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရာတွင် teamwork, resilience နှင့် mutual support တို့၏ တန်ဖိုးကိုလည်း ပိုမိုသက်သေပြခဲ့ပါသည်။ DAWN သည် ကျန်းမာသောနေထိုင်မှုပုံစံ၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် continuous growth ကို တန်ဖိုးထားသော အဖွဲ့အစည်းတစ်ခုအဖြစ် လူတစ်ဦးချင်းစီ၏ တိုးတက်မှုခရီးစဉ်ကို ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ပါသည်။

DAWN Team Successfully Completed the KBZ Community 10-Mile Run 2026 Read More »

Dawn Microfinance ၏ Collection Team Workshop အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် Early Dawn Microfinance ၏ Collection Team Workshop ကို Sakawar, Popa Room ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Workshop သည် Collection လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမိုတိုးမြှင့်စေရန်၊ PAR အခြေအနေများကို ပိုမိုသုံးသပ်နိုင်ရန် နှင့် အနာဂတ်လုပ်ငန်းစဉ်များအတွက် ပိုမိုထိရောက်သော လုပ်ငန်းမဟာဗျူဟာများ ချမှတ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ Workshop ၏ ပထမနေ့ကို CEO ၏ Opening Speech ဖြင့် စတင်ခဲ့ပြီး၊ ထို့နောက် COO နှင့် Head of Business တို့မှ လုပ်ငန်းဆိုင်ရာ

Dawn Microfinance ၏ Collection Team Workshop အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ Read More »

Scroll to Top