အခမ်းအနားများ

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Employees Appreciation Program ပွဲကျင်းပ

Early Dawn Microfinance ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် Employees Appreciation Program ပွဲကို ၂၀၂၅ခုနှစ်၊ မတ်လ (၁၁)ရက်နေ့တွင် The Regency Office Tower ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ ဆရာကြီး Prof. Dr. Aung Tun Thet မှ “The Power of Appreciation” ခေါင်းစဉ်ဖြင့်ချီးမြှင့်ပြောကြားပေးခဲ့ပြီးနောက် DAWN Microfinance ၏ Chairman of the Board, Mr. Hein Swinkels နှင့် CEO, ဒေါ်ခင်သီတာ တို့က DAWN (၁၀)နှစ်ပြည့်မြောက်ခြင်းအတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ယနေ့အချိန်အထိ DAWN နဲ့အတူ လက်တွဲပြီး အတူကြိုးစားဖြတ်သန်းပေးခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ […]

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Employees Appreciation Program ပွဲကျင်းပ Read More »

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Gala Dinner ပွဲကျင်းပ

ကြွရောက်ချီးမြှင့်ပေးတဲ့ ဧည့်သည်တော်များရဲ့ ဂုဏ်ပြုလက်ခုပ်သံများဖြင့် အောင်‌အောင်မြင်မြင် ကျင်းပပြီးစီးခဲ့တဲ့ DAWN Microfinance ရဲ့ Gala Dinner Night ပြီးခဲ့တဲ့ မတ်လ (၁၀)ရက်နေ့က DAWN Microfinance (၁၀)နှစ်ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုညစာ အခမ်းအနား (Gala Dinner) ကို ရန်ကုန်မြို့၊ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Gala Dinner ပွဲကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) မှ ညွှန်ကြားရေးမှူးချုပ်၊ Netherlands မှ Head of Mission၊ Chairman of the Board နှင့် Board of Director အဖွဲ့ဝင်များ၊ ဆရာကြီး Prof. Dr. Aung Tun Thet

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Gala Dinner ပွဲကျင်းပ Read More »

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Client Appreciation Program ပွဲကျင်းပ

DAWN Microfinance အနေဖြင့် ယခုလိုမျိုး ၁၀နှစ် ဆိုတဲ့အချိန်ကာလကို ရောက်ရှိလာနိုင်ခဲ့တာဟာ အခုချိန်အထိ DAWN နဲ့ အတူလက်တွဲပေးခဲ့ကြတဲ့ အဖွဲ့ဝင်အသင်းသားများအားလုံးရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံမှုများကြောင့်ပဲဖြစ်ပါတယ်။ DAWN ရဲ့ အောင်မြင်မှုဟာ အဖွဲ့ဝင်အသင်းသားတွေရဲ့ ‌အောင်မြင်မှုလို့ ဆိုရင်လဲမမှားပါဘူး။ ၁၀နှစ်တာကာလအတွင်းမှာ DAWN Microfinance အနေဖြင့်လည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အဖွဲ့ဝင်အသင်းသားတွေရဲ့ ယုံကြည်အားပေးမှုတွေကြောင့်ပဲ ကောင်းမွန်စွာ ဖြတ်ကျော်လာနိုင်ခဲ့သလို အဖွဲ့ဝင်အသင်းသားတွေရဲ့ စီးပွားရေးအခက်အခဲတွေကိုလဲ DAWN အနေဖြင့် ပြန်လည် ကူညီဖေးမရင်း ၁၀နှစ်ဆိုတဲ့ အချိန်ကာလကို အတူလက်တွဲကျော်ဖြတ်လာခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် DAWN Microfinance ရဲ့ (၁၀)နှစ်ပြည့် အထိမ်းအမှတ်တွင် Client Appreciation Program ပွဲကိုလည်း ၂၀၂၅ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က The Regency Office

DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Client Appreciation Program ပွဲကျင်းပ Read More »

DAWN Microfinance ၏ Operations Management Workshop-2024 ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့မှ ၇ရက်နေ့အထိ Early Dawn Microfinance ၏ CEO, CFO, COO, CIO နှင့်အတူ Senior Management Team မှသက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများသည် Operations Management Workshop-2024 ကို ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Mingalar Ballroom ၌ ၃ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Workshop ပထမနေ့တွင် CEO, CFO, COO, CIO တို့က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ရုံးချုပ်ဌာန အသီးသီးရှိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မိမိဌာန၏ ရှေ့ဆက်မည့် Plan

DAWN Microfinance ၏ Operations Management Workshop-2024 ကျင်းပပြုလုပ် Read More »

DAWN Microfinance ကုမ္ပဏီ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ

DAWN Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ “စုပေါင်းမဟာဘုံကထိန်” လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၃)ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အလှူအခမ်းအနား ပထမပိုင်းအဖြစ် နံနက်ပိုင်းတွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များက သီလခံယူခြင်း၊ ပရိတ်တရားတော်များနာကြားခြင်းနှင့် ပင့်သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ဆေး နှင့် နဝကမ္မ လှူဖွယ်ပစ္စည်းအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။ အလှူအခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းရှိသံဃာတော် အရှင်သူမြတ်တို့အား ကိုယ်တိုင်ကိုယ်ကျ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ကြွရောက်လာကြသော ဝန်ထမ်းမိသားစုများနှင့် ဧည့်ပရိတ်သတ်များကိုလည်း နေလည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်မြတ်နှင့် ယခုကဲ့သို့ ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရရှိခံစားရသည့် ကထိန်အာနိသင် အကျိုး (၅)ပါးတို့ကို ဟောကြားချီးမြှင့်ပေးခဲ့ပြီး ကထိန်ရေစက်ချတရားနာခြင်းများကို ပြုလုပ်ခဲ့ကြသည်။

DAWN Microfinance ကုမ္ပဏီ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ Read More »

UNCDF Workshop

၂၀၂၄ခုနှစ်၊ ဇွန်လ ( ၂၈)ရက်နေ့တွင် Wyndham Grand Hotel, Yangon ၌ UNCDF မှဦးစီးကျင်းပသော Digital Ecosystem and Agricultural Market Support Project (DEAM) Workshop သို့ Early Dawn Microfinance မှ Daw Nang Nyo Hla (COO) နှင့်အတူ ရုံးချုပ်ဌာနများရှိ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ UNCDF မှတာဝန်ရှိသူများက အဖွင့်မှာစကားပြောကြားပြီး ယခု Workshop ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော MFI Company များ၏ တာဝန်ရှိသူများက Digitalization နှင့်ပတ်သက်ပြီး မိမိတို့ရင်ဆိုင်ရသော အခက်အခဲများ၊ အတွေ့အကြုံများ နှင့်

UNCDF Workshop Read More »

Early Dawn Microfinance ၏ မြန်မာ့နှစ်သစ်ကူးသင်္ကြန် အကြိုပွဲတော်ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် Early Dawn Microfinance မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုပွဲတော်ကို ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်္ကြန်အကြိုပွဲတော်အဖြစ် ရုံးချုပ်၊ ဌာနအသီးသီးမှ ဝန်ထမ်းများအတူတကွ စုပေါင်းပြီး Game ကစားခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်မုန့်လုံးရေပေါ်၊ ရွှေရင်အေးတို့ကိုလည်း ပျော်ရွှင်စွာ စားသောက်ခဲ့ကြပါသည်။ ထို့အပြင် Dawn Microfinance ၏ Chief Executive Officer, ဒေါ်ခင်သီတာ က အမှတ်တရ စကားပြောကြားပေးခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးကို ပျော်ရွှင်စရာမြန်မာ့နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းပေးခဲ့ပါသည်။ အလားတူ သင်္ကြန်နှစ်သစ်ကူးအကြိုပွဲတော်များကို မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲများ အားလုံးတွင်လည်း အတူတစ်ကွ ဆင်နွှဲနိုင်ကြစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ Dawn Microfinance ၏ ပျော်ရွှင်ဖွယ်ရာ မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြိုပွဲတော် အခိုက်အတန့် ပုံရိပ်များကို မျှဝေရင်း မြန်မာပြည်သူပြည်သားများ

Early Dawn Microfinance ၏ မြန်မာ့နှစ်သစ်ကူးသင်္ကြန် အကြိုပွဲတော်ကျင်းပပြုလုပ် Read More »

DAWN Microfinance ၏ Operations Team Workshop-2024 ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့ မှ ၂၁ရက်နေ့ အထိ Early Dawn Microfinance ၏ CEO, Dy CEO, Dy CFO, Dy CIO နှင့် Senior Management Team မှ သက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ Region Head များ၊ Branch Head များ၊ Branch Manager များ၊ Supervisor များနှင့်အတူ Operations Team Workshop-2024 ကို ၃ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Workshop ပထမနေ့တွင် CEO နှင့် Dy CEO တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက်

DAWN Microfinance ၏ Operations Team Workshop-2024 ကျင်းပပြုလုပ် Read More »

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း

Early Dawn Microfinance Company Limited မှ ဒေါ်ခင်သီတာ (Deputy CEO) နှင့် Mr. Ashish Jain (Deputy CFO) တို့သည် ဇန်န၀ါရီလ ၂၃-၂၄ရက်နေ့တွင် ဘန်ကောက်မြို့၊ The Athenee Hotel ၌ ကျင်းပပြုလုပ်သော AFIFORUM-Asia Financial Institutions Forum 2024 ကို တက်ရောက်ခဲ့ကြပါသည်။ ယခုကျင်းပသောဖိုရမ် သည် အာရှဒေသတွင်း အများစုပါဝင်ပြီး ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေရန် အတွက် မဏ္ဍိုင်ပြုလျက် ခိုင်မာအားကောင်းသော ဘဏ္ဍာရေးစနစ်ကိုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား စုဖွဲ့ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် ကျွန်ုပ်တို့၏ Dy CEO သည် “Digitization၊ not a

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း Read More »

Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်

Dawn Microfinance မှ Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က Dawn Microfinance (ရုံးချုပ်) တွင် ဆင်နွှဲခဲ့ကြပါသည်။ ပျော်ရွှင်ဖွယ်ရာ Christmas အထိမ်းအမှတ်အဖြစ် အမှတ်တရ ကိတ်မုန့်များခွဲခြင်း၊ အမှတ်တရလက်ဆောင်လဲလှယ်သည့်အစီအစဉ်များနှင့် ခရစ္စမတ်အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများကိုလည်း ဝန်ထမ်းများအားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ Dawn Microfinance မှ Christmas ကို ကြိုဆိုခြင်း အထိမ်းအမှတ်ပွဲများကို ရုံးချုပ်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲများအားလုံးတွင်လည်း တပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းကို ပျော်ရွှင်ကြည်နူးစေရန် မျှဝေပေးလိုက်ရပါသည်။

Christmas ကိုကြိုဆိုခြင်း အထိမ်းအမှတ်ပွဲကျင်းပပြုလုပ် Read More »

Scroll to Top