DAWN COVID-19 Message

COVID-19 ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါသည် ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံတွင် ဆက်လက်တိုးပွားလျက် ရှိသဖြင့် DAWN ၌ ကျွန်ုပ်တို့၏ ပထမဦးစားပေးသည် ကျွန်ုပ်တို့၏ တန်ဖိုးထားရသော အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဆွေများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဖြစ်ကြောင်းကို သိရှိစေလိုပါသည်။ တုံ့ပြန်ဆောင်ရွက်ရေးအနေဖြင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များကို ကာကွယ်စောင့်ရှောက်ရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျက် ရှိပါသည်။
  • ဝန်ထမ်းများအားလုံး ရရှိနိုင်ရန် နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာနှင့် လက်သန့်ဆေးရည်များ ပံ့ပိုးမှု လုံလောက်ခြင်း ရှိမရှိ စိစစ်ခြင်း
  • ရုံးချုပ်နှင့် ရုံးခွဲများတွင် ပုံမှန် သင့်လျော်သည့် သန့်ရှင်းမှုကို စိစစ်ဆောင်ရွက်ခြင်း
  • ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ (WHO, CDC, MOHS) မှ အကြံပေးချက်များကို လိုက်နာခြင်းနှင့် ကောင်းစွာသန့်ရှင်းနေစေရန် လက်တွေ့ကျင့်သုံးခြင်း၏ အရေးပါမှုအကြောင်း ဝန်ထမ်းများနှင့် အဖွဲ့ဝင်များကို စဉ်ဆက်မပြတ် ပညာပေးခြင်း
  • တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မရှိစေရေးကို အတည်ပြုလုပ်ဆောင်ရန် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခြင်း။ ဝန်ထမ်းများကို အဝေးမှ အလုပ်လုပ်ကိုင်နိုင်စေမည့် အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ ဝန်ထမ်းများကို လူစုလူဝေးများ ရှောင်ရှားရန်နှင့် အိမ်တွင် တတ်နိုင်သမျှ နေရန် ဆက်လက်၍ တိုက်တွန်းပါသည်။
  • ဤခက်ခဲသော အချိန်ကာလများတွင် အဖွဲ့ဝင်များကို ကူညီပံ့ပိုးရန် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် ယာယီအပြောင်းအလဲများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
DAWN သည် အခြေအနေကို တက်ကြွစွာ စောင့်ကြည့်လျက်ရှိပြီး အာဏာပိုင်အဖွဲ့များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ DAWN သည် မြန်မာနိုင်ငံ၏ ဦးစီးဦးဆောင် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအနေဖြင့် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များ၏ ကျန်းမာရေး ကောင်းမွန်ပြီး ဘေးကင်းစိတ်ချ၍ တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်စေရန် စိစစိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

မေးမြန်းစရာများ၊ စိုးရိမ်ပူပန်စရာများရှိလျှင် သို့မဟုတ် ထပ်ဆောင်းကူညီပံ့ပိုးမှု လိုအပ်လျှင် ကျွန်ုပ်တို့၏ Hotline ဖုန်းနံပါတ်များသို့ ဆက်သွယ်ပါ။

  • Operations: 09444555542
  • Complaints: 09425753077
  • Head Office: 09444555540 / 09444555541

ဂရုစိုက်၍ ဘေးကင်းစွာနေထိုင်ပါ။

Scroll to Top