လူမှုဘဝ တာဝန်ဝတ္တရားတစ်ရပ်ဖြင့် တည်ထောင်ခဲ့သည်။ အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက်။ DAWN သည် မြန်မာနိုင်ငံရှိ အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု အခန်းကဏ္ဍတွင် ၅နှစ်တာကာလ ပါဝင်ခြင်း အထမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားရန် အဓိဋ္ဌာန်ပြုခြင်းဖြင့် DAWN သည် ယနေ့ ၂၀၂၀ ပြည့်နှစ်တွင် သူ၏ ၅နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပပါသည်။

DAWN သည် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသော မိသားစုများ၏ လူနေမှုဘဝကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ဖြစ်လာရန်ဟူသော အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတဝှမ်း ရုံးခွဲပေါင်း ၆၀ ကျော်ဖြင့် အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင်များ အပါအဝင် အဖွဲ့ဝင်ပေါင်း ၂၅၀,၀၀၀ ကျော်အတွက် DAWN သည် ငွေရေးကြေးရေးနှင့် လူမှုဘဝ ရည်မှန်းချက် နှစ်ခုစလုံး ပြည့်မီစေရန် ကူညီပေးပြီး အရည်အသွေး မြင့်မားသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။

အဆိုပါရည်မှန်းချက်များတွင် စိန်ခေါ်မှုများရှိပြီး ကျွန်ုပ်တို့အနေဖြင့် ထိုစိန်ခေါ်မှုများကို အောင်မြင်နိုင်ရန် ဆက်လက်၍ စိတ်ရောကိုယ်ပါ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါမည်။

သို့သော် အဆိုပါ စိတ်ရောကိုယ်ပါ လုပ်ကိုင်ဆောင်ရွက်မှုဆိုသည်မှာ ကျွန်ုပ်တို့အတွက် အသစ်မဟုတ်ပါ။ DAWN သည် Save the Children ၏ အသက်မွေးမှုလုပ်ငန်း စီမံချက်အဖြစ် ဆောင်ရွက်ခဲ့စဉ်အချိန် ၂၀၀၂ခုနှစ်တွင် အဆိုပါ စံနမူနာများသည် ကျွန်ုပ်တို့၏ လုပ်ငန်းပုံစံတွင် ရှိခဲ့ပြီး ရန်ကုန်မြို့ပြရှိ ဝင်ငွေနည်းပါးသော အမျိုးသမီးများအတွက် ချေးငွေများကို စတင်၍ ပံ့ပိုးပေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ DAWN သည် Accion International, FMO, Dutch development bank နှင့် Triodos Investment Management စသည့် ရှယ်ယာရှင်အသစ်များဖြင့် အမှီအခိုကင်းသော ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါသည်။

ကျွန်ုပ်တို့သည် ထိုအချိန်မှစ၍ ရှည်လျားသော ခရီးလမ်းကို လျှောက်လမ်းခဲ့ပြီး ငါးနှစ်တာ ကာလတိုအတွင်း မြန်မာနိုင်ငံ၏ ဦးစီးဦးဆောင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါသည်။ ဤစွမ်းဆောင်မှု ဖြစ်ပေါ်လာနိုင်စေရန် ကူညီပံ့ပိုးပေးခဲ့သော ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ အားလုံးကို ဂုဏ်ပြုခြင်းဖြင့် ဤအောင်မြင်မှုကို ချီးကျူးဂုဏ်ပြုချင်ပါသည်။

DAWN ၏ ၅နှစ်ပြည့် နှစ်ပတ်လည်သည် လွန်ခဲ့သည့် ငါးနှစ်မှ အမှတ်တရများ၊ ကျွန်ုပ်တို့၏ သမိုင်းမှတ်တိုင်များနှင့် အောင်မြင်မှုများကို ပြန်လည်အောက်မေ့သတိရရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး ထပ်မံ၍ ပွေ့ပိုက်ထားပါမည်။ DAWN ၏ အောင်မြင်မှုတွင် ပါဝင်ခဲ့ခြင်းအတွက် အားလုံးကို ဂုဏ်ယူပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ မွေးနေ့ကို ဂုဏ်ပြုရန် ငါးနှစ်တာ သမိုင်းမှတ်တမ်းမှ အကြောင်းအရာများကို မျှဝေလိုက်ပါသည်။

Scroll to Top