သတင်းများ

DAWN Microfinance မှ ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများသို့ သွားရောက်ကူညီထောက်ပံ့ပေးခြင်း

၂၀၂၅ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် DAWN Microfinance ရုံးချုပ်တာဝန်ရှိသူများ က မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ စဉ့်ကိုင် မြို့များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရသော အဖွဲ့ဝင်အသင်းသားများနှင့် တွေ့ဆုံကာ အသင်းသားများအနေဖြင့် လက်ရှိကြုံတွေနေရသော အခက်အခဲများ၊ ရှေ့ဆက်ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်သောအကြောင်းအရာများကို မေးမြန်းပြီး နှစ်သိမ့်ဆွေးနွေးအားပေးကာ ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် DAWN ဝန်ထမ်းများနှင့်လည်း တွေ့ဆုံကာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သူများကို ထောက်ပံ့ငွေများလှူဒါန်းခဲ့ပါသည်။ DAWN Microfinance အနေဖြင့် ကနဦးလှူဒါန်းမှုအနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများရှိ အဖွဲ့ဝင်အသင်းသားများထံသို့ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် ငွေကျပ်သိန်း (၁၅၀၀) ကျော်ရှိ ငွေကြေးအထောက်အပံ့များကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ငလျင်ဒဏ် ခံစားခဲ့ရသော […]

DAWN Microfinance မှ ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများသို့ သွားရောက်ကူညီထောက်ပံ့ပေးခြင်း Read More »

DAWN Microfinance Company မှ Staff Refresher Training သင်တန်း အောင်မြင်စွာ ပြီးဆုံး

DAWN Microfinance Company မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မှ မတ်လ ၂၉ ရက် အထိ ကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် (၉) ခုရှိ ရုံးခွဲအားလုံးမှ ဝန်ထမ်းများအတွက် Staff Refresher Training သင်တန်းကို အောင်မြင်စွာ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ ဤသင်တန်း၏ အဓိကရည်ရွယ်ချက်များမှာ ဝန်ထမ်းများ၏ Professional Skills မြှင့်တင်ရန်၊ Customer Service စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် Digital Financial Services အသုံးပြုနိုင်မှု ကျွမ်းကျင်စေရန်တို့ ဖြစ်ပါသည်။ သင်တန်းတွင် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ နည်းပညာများ၊ ဖောက်သည်ဆက်ဆံရေး စွမ်းရည်မြှင့်တင်ခြင်းနှင့် ကုမ္ပဏီမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ အပါအဝင် အရေးကြီးသော အကြောင်းအရာများကို ထည့်သွင်းသင်ကြားပေးခဲ့ပါသည်။ သင်တန်းတက်ရောက်ခဲ့သည့်

DAWN Microfinance Company မှ Staff Refresher Training သင်တန်း အောင်မြင်စွာ ပြီးဆုံး Read More »

DAWN Microfinance ကုမ္ပဏီ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ

DAWN Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ “စုပေါင်းမဟာဘုံကထိန်” လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၃)ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အလှူအခမ်းအနား ပထမပိုင်းအဖြစ် နံနက်ပိုင်းတွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များက သီလခံယူခြင်း၊ ပရိတ်တရားတော်များနာကြားခြင်းနှင့် ပင့်သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ဆေး နှင့် နဝကမ္မ လှူဖွယ်ပစ္စည်းအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။ အလှူအခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းရှိသံဃာတော် အရှင်သူမြတ်တို့အား ကိုယ်တိုင်ကိုယ်ကျ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ကြွရောက်လာကြသော ဝန်ထမ်းမိသားစုများနှင့် ဧည့်ပရိတ်သတ်များကိုလည်း နေလည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်မြတ်နှင့် ယခုကဲ့သို့ ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရရှိခံစားရသည့် ကထိန်အာနိသင် အကျိုး (၅)ပါးတို့ကို ဟောကြားချီးမြှင့်ပေးခဲ့ပြီး ကထိန်ရေစက်ချတရားနာခြင်းများကို ပြုလုပ်ခဲ့ကြသည်။

DAWN Microfinance ကုမ္ပဏီ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ Read More »

DAWN Microfinance မှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်း

DAWN Microfinance အနေဖြင့် YAGI မုန်တိုင်းကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသော ‌ဒေသများရှိ ဝန်ထမ်းများနှင့် ရေဘေးသင့်အသင်းသားအိမ်ထောင်စု (၁၈၀၀၀) ကျော်ထံသို့ ငွေကျပ်သိန်းပေါင်း (၄,၅၀၀) ကျော် တန်ဖိုးရှိ အဝတ်အထည်နှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို DAWN Microfinance (Head Office) ရှိ တာဝန်ရှိသူများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ စုပေါင်း၍ စက်တင်ဘာလ (၂၃) ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ DAWN Microfinance သည် မြန်မာနိုင်ငံအတွင်း တစ်နိုင်တစ်ပိုင်စွန့်ဦး တီထွင်လုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေး လုပ်ငန်းများကို အဓိကထား၍ ငွေကြေးဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသများရှိဝန်ထမ်းများအတွက် ကူညီထောက်ပံ့ငွေများနှင့် အသင်းသားအိမ်ထောင်စုများ၏ အခက်အခဲများကို တစ်စိတ်တစ်ပိုင်းမှ ကူညီထောက်ပံ့ပေးသည့်အနေဖြင့် ယခုကဲ့သို့ အဝတ်အထည်များနှင့် စားသောက်ကုန်ပစ္စည်းများကို စနစ်တကျထုပ်ပိုး၍

DAWN Microfinance မှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်း Read More »

Dawn Microfinance မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း

၂၀၂၄ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် DAWN Microfinance ၏ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း အနေဖြင့် DAWN မှ ဝန်ထမ်းများ စုပေါင်းကာ အမျိုးသားသွေးလှူဘဏ်၌ သွေးလှူဒါန်းခဲ့ကြပါသည်။ သွေးလှူဒါန်းမှုတစ်ခုသည် အသက်အရွယ်၊ ကျား၊ မ မရွေး အမှန်တစ်ကယ် သွေးလိုအပ်နေသော လူနာများ၏ အသက်ကို ကယ်တင်နိုင်မှာဖြစ်သည့်အပြင် လူနာရှင်များအတွက်လဲ အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ ဤကဲ့သို့ မွန်မြတ်လှသော သွေးလှူဒါန်းခြင်းကို ကျွန်ုပ်တို့အနေဖြင့် ပါဝင်အထောက်အကူပြုနိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့သွေးဖြင့် တစ်ပါးသူ အသက်ဆက်လက် တည်ရှိနိုင်ရန် ပါဝင်အထောက်အကူ ပြုနိုင်သော မြင့်မြတ်လှသည့် သွေးလှူဒါန်းမူတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော DAWN ၏ ဝန်ထမ်းများအားလုံးနှင့် ကူညီဆောင်ရွက်ပေးကြသော အမျိုးသားသွေးလှူဘဏ်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအားလုံးကို DAWN Microfinance မှ လေးနက်စွာ ကျေးဇူးတင်ရှိပါသည်။

Dawn Microfinance မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း Read More »

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

DAWN Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂ရက်၊ သြဂုတ်၊ ၂၀၂၄ နေ့လည်တွင် DAWN ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်နှင့် အနုမောဒနာတရားများကို ဟောကြား ချီးမြှင့်ပြီးနောက် ကုမ္ပဏီဝန်ထမ်းများက ဆရာတော် သံဃာတော်တို့ကို ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မ လှုဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြပြီး ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာ၊ နေ့လည်စာတို့ဖြင့် ကျွေးမွေးခဲ့ပါသည်။ ယနေ့ပြုလုပ်သော DAWN Microfinance ကုမ္ပဏီလီမိတက်၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို DAWN ၏ အဖွဲ့ဝင်များ နှင့်တစ်ကွ နတ်လူသတ္တဝါအပေါင်းတို့အား သာဓုခေါ်ဆိုနိုင်စေရန်အတွက် အမျှကုသိုလ်ပေးဝေ

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ Read More »

Early Dawn Microfinance ၏ BOD အစည်းအဝေးပွဲကျင်းပပြုလုပ်

Early Dawn Microfinance ၏ Quarterly BOD အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၉)ရက် နှင့် (၁၀)ရက် နေ့တို့တွင် DAWN ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒါရိုက်တာများ၊ CEO, COO, CFO, Dy. CIO နှင့် Senior Management Team မှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပွဲတွင် ပြီးခဲ့သည့် Quarter ၏ လုပ်ငန်း အခြေအနေများကို ပြန်လည်သုံးသပ်ပြီး လာမည့် Quarter နှင့် ယခုနှစ်အတွက် Strategic Roadmap စီစဉ်ထားရှိမှုတို့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အသေးစိတ်တင်ပြချက်များကို  တက်ရောက်လာကြသော ဒါရိုက်တာများက အလေးအနက်

Early Dawn Microfinance ၏ BOD အစည်းအဝေးပွဲကျင်းပပြုလုပ် Read More »

DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပ

Early Dawn Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ရန်ကုန် (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် DAWN ၏ CEO, Dy CEO နှင့် Dy CFO တို့က DAWN (၉)နှစ်ပြည့်မြောက်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ယနေ့အချိန်အထိ DAWN နဲ့အတူ လက်တွဲပြီး အတူကြိုးစားဖြတ်သန်းပေးခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့်နှစ်တွင်လည်း DAWN အနေဖြင့် ယခုထက် ပိုမိုတိုးတက်အောင်မြင်လာစေရေး၊ Clients များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် (၉)နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ်ကိတ်မုန့်ကို အတူတကွ ခွဲခဲ့ကြပါတယ်။ ထို့အပြင် DAWN ရှိ အရာထမ်း/ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် အမှတ်တရ T-Shirt အင်္ကျီ၊

DAWN Microfinance ၏ (၉)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပ Read More »

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း

Early Dawn Microfinance Company Limited မှ ဒေါ်ခင်သီတာ (Deputy CEO) နှင့် Mr. Ashish Jain (Deputy CFO) တို့သည် ဇန်န၀ါရီလ ၂၃-၂၄ရက်နေ့တွင် ဘန်ကောက်မြို့၊ The Athenee Hotel ၌ ကျင်းပပြုလုပ်သော AFIFORUM-Asia Financial Institutions Forum 2024 ကို တက်ရောက်ခဲ့ကြပါသည်။ ယခုကျင်းပသောဖိုရမ် သည် အာရှဒေသတွင်း အများစုပါဝင်ပြီး ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေရန် အတွက် မဏ္ဍိုင်ပြုလျက် ခိုင်မာအားကောင်းသော ဘဏ္ဍာရေးစနစ်ကိုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား စုဖွဲ့ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် ကျွန်ုပ်တို့၏ Dy CEO သည် “Digitization၊ not a

AFIFORUM-Asia Financial Institutions Forum 2024 အခမ်းအနားသို့ တက်ရောက်ခြင်း Read More »

Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား

Dawn Microfinance နှင့် Mascon International Business Services Co., Ltd တို့၏ Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄)ရက်နေ့က DAWN (ရုံးချုပ်) တည်ရှိရာ The Regency Offices Tower ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ Dawn Microfinance မှ Mr. Ravi Tissera (CEO), Daw Khin Thida (Dy. CEO) နှင့် MIBS Co., Ltd မှ Mr. Shuvdeep Bhattacharya (Country Director), Mr. Mathew Joseph

Call Center Service အတွက် နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား Read More »

Scroll to Top