ယခုလို ကြိုးစားဆဲ အချိန်ကာလအတွင်း သတင်းကောင်း
DAWN အနေဖြင့် ၅နှစ်ပြည့် နှစ်ပတ်လည်ကာလအတွင်း Outstanding Loan Portfolio (ထုတ်ချေးငွေလက်ကျန်ပမာဏ) စုစုပေါင်း မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းအတွင်း ယခုလို အပြုသဘောဆောင်သည့် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် သတင်းကောင်းမျှဝေလိုပါသည်။ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ကန့်သတ်ချက်များနှင့် အခက်အခဲ အတားအဆီး စိန်ခေါ်မှုများအကြား ကျွနု်ပ်တို့ DAWN အဖွဲ့သားများ၏ မဆုတ်မနစ်ကြိုးစားမှုနှင့် မလျော့သော ဇွဲလုံ့လဝိရိယတို့မရှိပါက ယခုလို အောင်မြင်မှုမှတ်တိုင်ကို ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပါ။ DAWN အနေဖြင့် ဤကဲ့သို့သော အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်အောင် ကူညီပေးခဲ့ကြသည့် မိတ်ဖက်များ၊ ကူညီပံ့ပိုးပေးသောသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ ယခုကဲ့သို့ အောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆန္ဒပြုပါသည်။ယခုဘဏ္ဍာရေးနှစ်အသစ်မှစ၍ DAWNအနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာလုံခြုံမှုအပေါ် ယခင်ကကဲ့သို့ […]
ယခုလို ကြိုးစားဆဲ အချိန်ကာလအတွင်း သတင်းကောင်း Read More »










