လူမှုဘဝ တာဝန်ဝတ္တရားတစ်ရပ်ဖြင့် တည်ထောင်ခဲ့သည်။ အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက်။ DAWN သည် မြန်မာနိုင်ငံရှိ အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု အခန်းကဏ္ဍတွင် ၅နှစ်တာကာလ ပါဝင်ခြင်း အထမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားရန် အဓိဋ္ဌာန်ပြုခြင်းဖြင့် DAWN သည် ယနေ့ ၂၀၂၀ ပြည့်နှစ်တွင် သူ၏ ၅နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပပါသည်။ DAWN သည် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသော မိသားစုများ၏ လူနေမှုဘဝကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ဖြစ်လာရန်ဟူသော အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတဝှမ်း ရုံးခွဲပေါင်း ၆၀ ကျော်ဖြင့် အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင်များ အပါအဝင် အဖွဲ့ဝင်ပေါင်း ၂၅၀,၀၀၀ ကျော်အတွက် DAWN သည် ငွေရေးကြေးရေးနှင့် လူမှုဘဝ ရည်မှန်းချက် နှစ်ခုစလုံး ပြည့်မီစေရန် ကူညီပေးပြီး အရည်အသွေး မြင့်မားသည့် […]