Author name: admin

ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုဦးရေ လျင်မြန်စွာ တိုးတက်လာမှုကြောင့် DAWN အနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည်များကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိကာလတွင် ဌာနခွဲများအနေဖြင့် အစိုးရမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ အဖွဲ့ဝင်များ လိုအပ်သော မရှိမဖြစ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေး လျက်ရှိနေပါသည်။ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အောက်ဖော်ပြပါအတိုင်း စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ဌာနခွဲများတွင် ထိတွေ့မှုများသည့် တံခါးလက်ကိုင်များ၊ ထိုင်ခုံများ၊ ငွေကောင်တာများနှင့် သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးပြုခြင်းအပြင် အဖွဲ့ဝင်များလက်ဆေးရန်အတွက် နေရာများ ထားရှိခြင်း၊ ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရောဂါပိုးကူးစက်ခံရမှုမှကာကွယ်ရန်နှင့် တန်ဖိုးထားရသော အဖွဲ့ဝင်များကူးစက်ခံရမှုမရှိစေရန်အတွက် လိုအပ်သော ပါးစပ်နှင့်နှာခေါင်းစည်းများ၊ […]

ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသာ ပထမဦးစားပေး နံပါတ် ၁ Read More »

အဖွဲ့ဝင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပေါ်ပေါက်လာခြင်းသည် ကမ္ဘာနှင့်အဝှမ်း အရေးပေါ်ကျန်းမာရေး အခြေအနေကို ဖြစ်ပေါ်စေရုံသာမ ကမ္ဘာ့စီးပွားရေးကိုပါ နှောင့်နှေးစေခဲ့ပါသည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှု အလုံးစုံကို ထိခိုက်စေပြီး ကျွန်ုပ်တို့ အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်တွင်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် ဤအကျပ်အတည်းကာလသည် ကျွန်ုပ်တို့အားလုံးကို လိုက်လျောညီထွေနေတတ်စေရန် တွန်းအားပေးခဲ့သည်။ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များကို ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မှုတည်၍ လိုက်လျောညီထွေ နေတတ်စေခဲ့ပါသည်။ လွန်ခဲ့သည့် လများအတွင်း ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် စီးပွားရေး လုပ်ငန်းဆောင်ရွက်သည့်ပုံစံကို ပြောင်းလဲခဲ့ရသည်။ ဦးကောင်းထိုက်ကျော် (အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်)ကျွန်ုပ်တို့၏ တစ်ဦးချင်းချေးယူသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကောင်းထိုက်ကျော်သည် ဆပ်ပြာနှင့် ဂျဲလ်အမျိုးအစား လက်သန့်ဆေးရည် တစ်မျိုးတည်း အပါအဝင် ကလေးစောင့်ရှောက်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ရန်ကုန်အခြေစိုက် အသေးစား

အဖွဲ့ဝင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံ Read More »

ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ

COVID-19 ရောဂါ သိသာစွာ ပျံ့နှံ့မှုသည် ကမ္ဘာအနှံ့ရှိ အများပြည်သူလူထု၏ လူမှုဘဝများ၊ အသက်မွေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့ပါသည်။ ဤအခြေအနေကို တန်ပြန်တုံံ့ပြန်သည့်အနေဖြင့် DAWN သည် ၎င်း၏ စီးပွားရေးလုပ်ငန်း သက်ရောက်မှုအပေါ် နည်းနိုင်သမျှ နည်းပါးစေရန်သာမက အဖွဲ့ဝင်များ၏ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အတွက် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့အနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်စီးပွားရေးအစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါသည်။ အောက်ပါတို့သည် ကျွန်ုပ်တို့က အဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးနေသည့် နည်းလမ်းလေးရပ် ဖြစ်ပါသည်။ ၁။ အာဏာပိုင်များက ချမှတ်ထားသော ကန့်သတ်ချက်များကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်စဉ် ချေးငွေ ထုတ်ပေးမှုများနှင့် ပေးသွင်းမှုများ အဆင်ပြေချောမွေ့စေရန် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုပြင်ခြင်း DAWN

ဤမကြုံဖူးသော အခြေအနေတွင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ လူမှုစီးပွားအဝဝ ကို ကာကွယ်ဖြေရှင်းခဲ့ပုံ Read More »

Covid-19 ကပ်ဘေးကာလအတွင်း FMO မှ အဓိကဘဏ္ဍာရေးနှင့် အကြံပေး ပံ့ပိုးကူညီမှု

Covid-19 ကပ်ရောဂါကာလ နောက်ပိုင်းတွင် Early Dawn Microfinance Company Ltd. (DAWN) သည် ဒတ်ချ်နိုင်ငံ စွန့်ဦးတီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် DAWN ရှယ်ယာရှင်တစ်ဦးဖြစ်သည့် FMO ထံမှ အကြံပေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းနှင့် ညီမျှသည့် ချေးငွေနှင့် သဘောတူညီမှုကို လက်ခံရရှိခဲ့ပါသည်။ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားသော ကပ်ရောဂါကြောင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖြစ်ပေါ်လွယ်မှု စိုးရိမ်ဖွယ် ပြဿနာများကို ဆက်လက်ရင်ဆိုင်ရပြီး မြန်မာနိုင်ငံတွင် MFI များသည် ဧပြီလတွင် လုပ်ငန်းလည်ပတ်မှုများ ကဏ္ဍအလိုက် ဆိုင်းငံ့မှုကို လိုက်နာပြီး မေလတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာကြရကာ MFI အနေဖြင့် လုပ်ငန်းများကို စတင်၍ ဆက်လက်လုပ်ဆောင်နေစဉ် FMO ထံမှ ချေးငွေသည်

Covid-19 ကပ်ဘေးကာလအတွင်း FMO မှ အဓိကဘဏ္ဍာရေးနှင့် အကြံပေး ပံ့ပိုးကူညီမှု Read More »

DAWN သည် Covid-19 အကျပ်အတည်းကာလအတွင်း Proparco မှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိခဲ့ပါသည်။

ဖြစ်ပွားဆဲ Covid-19 အကျပ်အတည်းကာလတွင် DAWN သည် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Proparco ထံမှ အမေရိကန်ဒေါ်လာ ၄ သန်း ပမာဏရှိသော ပြည်တွင်းငွေကြေးဖြင့် ချေးငွေကို ကံကောင်းစွာဖြင့် လက်ခံရရှိခဲ့ပါသည်။DAWN သည် ချေးငွေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွင် ဆက်လက်ဆောင်ရွက်နိုင်ပြီး တစ်နိုင်တစ်ပိုင်နှင့် အသေးစား စီးပွားရေးလုပ်ငန်းများ (MSME) များကို ဆက်လက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် စိန်ခေါ်မှုများ ရှိနေသည့် လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်တွင် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်နေရပြီး MSME များသည် သိသာထင်ရှားသည့် စီးပွားရေး အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရသဖြင့် ဤခက်ခဲသည့်ကာလအတွင်း ငွေကြေးထောက်ပံ့မှုများကို အထူးသဖြင့် ဝမ်းမြောက်စွာ လက်ခံလျက် ရှိပါသည်။ DAWN

DAWN သည် Covid-19 အကျပ်အတည်းကာလအတွင်း Proparco မှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိခဲ့ပါသည်။ Read More »

နေရာတိုင်းမှ ကူညီနိုင်ပါသည်။ အလှူအတန်းမှန်သမျှ ကြီးကျယ်ခမ်းနားရန် မလိုပါ။

COVID-19 လူနာများအတွက် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေရာထိုင်ခင်းများ ပံ့ပိုးပေးနေသည့် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးများဆေးရုံတွင် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိသော လိုအပ်သည့် ရောဂါအကာအကွယ်ပေး ပစ္စည်းများကို DAWN ဝန်ထမ်းများက မေလ ၂ရက် ၂၀၂၀ ပြည့်နှစ်တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ တစ်ကိုယ်ရေ အ ကာအကွယ်ပေး ပစ္စည်းများ (အစုံ ၁၀၀ )၊ ဖိနပ်အစွပ်များ (အစုံ ၁၀၀)၊ ခွဲစိတ်ဝတ်စုံများ (အစုံ ၄၀၀)၊ မျက်နှာအကာများ (၃၀၀ ခု) နှင့်လက်အိတ်များ (အစုံ ၅၀) ကဲ့သို့သော အမြောက်အများလိုအပ်လျှက်ရှိသည့် ဆေးကုသမှု တစ်ခါသုံးပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။ကိုရိုနာဗိုင်းရပ်စ်ကို ရဲဝံ့စွာ တွန်းလှန်တိုက်ထုတ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများနှင့်

နေရာတိုင်းမှ ကူညီနိုင်ပါသည်။ အလှူအတန်းမှန်သမျှ ကြီးကျယ်ခမ်းနားရန် မလိုပါ။ Read More »

Asiamoney Best Bank Awards 2020: Myanmar

လန်ဒန်အခြေစိုက် စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asiamoney မှ ချီးမြှင့်သည့် “Best for Microfinance in Myanmar: 2020” ဆုကို DAWN က ၂၀၂၀ခုနှစ် မတ်လ၊ ၃၁ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။ DAWN ၏ လက်ရှိအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ် နည်းပညာအခြေခံသော ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ်သို့ အသွင်ကူးပြောင်းမှု၊ မြန်မာနိုင်ငံတဝန်းရှိ အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေး လုပ်ငန်းရှင်များအတွက် အရည်အသွေး ပြည့်မီသော ငွေရေးကြေးရေး ဝန်ဆောင်မှုတို့အတွက် DAWN အနေဖြင့် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် အသိမှတ်ပြု ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။ထို့အပြင် အဆိုပါဆုသည် အဖွဲ့ဝင်များကို ဗဟိုပြု၍ ၎င်းတို့၏ ငွေကြေးဆိုင်ရာနှင့် လူမှုဘဝ

Asiamoney Best Bank Awards 2020: Myanmar Read More Âť

DAWN အနေဖြင့် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့်နည်းလမ်း

DAWN သည် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များ၏ကျန်းမာရေးကို ဦးစားပေးအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေစဉ်တွင် လျင်မြန်စွာ တိုးတက်လာသော အခြေအနေကြောင့် မူလအတိုင်း ပြန်လည်ဆောင်ရွက်ရန်နှင့် တုံ့ပြန်ဖြေကြားမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။ အမှီအခိုကင်းသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ၅နှစ်သို့ ဦးတည်လာချိန် ကာလအတွင်းတွင် ကမ္ဘာနှင့်အဝှမ်း အကျပ်အတည်းကာလနှင့် ကြုံတွေ့နေရပါသည်။ DAWN ၏ တရားဝင် နှစ်ပတ်လည်နေ့ မတ်လ ၁၆ရက်နေ့မတိုင်မီ မတ်လ ၁၁ ရက်နေ့တွင် COVID-19 သည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားသော ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာခဲ့ပါသည်။ ဤကြေညာချက် မထုတ်ပြန်မီ ရက်သတ္တပတ်များအတွင်း DAWN သည် ၎င်း၏၅နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရွှေ့ဆိုင်းရန် မရွှေ့ဆိုင်းရန်ကို ဆုံးဖြတ်ခဲ့ရပါသည်။ နောက်ဆုံးတွင် DAWN သည်

DAWN အနေဖြင့် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ခဲ့သည့်နည်းလမ်း Read More »

DAWN COVID-19 Message

COVID-19 ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါသည် ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံတွင် ဆက်လက်တိုးပွားလျက် ရှိသဖြင့် DAWN ၌ ကျွန်ုပ်တို့၏ ပထမဦးစားပေးသည် ကျွန်ုပ်တို့၏ တန်ဖိုးထားရသော အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဆွေများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဖြစ်ကြောင်းကို သိရှိစေလိုပါသည်။ တုံ့ပြန်ဆောင်ရွက်ရေးအနေဖြင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များကို ကာကွယ်စောင့်ရှောက်ရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျက် ရှိပါသည်။ ဝန်ထမ်းများအားလုံး ရရှိနိုင်ရန် နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာနှင့် လက်သန့်ဆေးရည်များ ပံ့ပိုးမှု လုံလောက်ခြင်း ရှိမရှိ စိစစ်ခြင်း ရုံးချုပ်နှင့် ရုံးခွဲများတွင် ပုံမှန် သင့်လျော်သည့် သန့်ရှင်းမှုကို စိစစ်ဆောင်ရွက်ခြင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ (WHO, CDC, MOHS) မှ အကြံပေးချက်များကို လိုက်နာခြင်းနှင့် ကောင်းစွာသန့်ရှင်းနေစေရန် လက်တွေ့ကျင့်သုံးခြင်း၏ အရေးပါမှုအကြောင်း ဝန်ထမ်းများနှင့် အဖွဲ့ဝင်များကို

DAWN COVID-19 Message Read More Âť

လူမှုဘဝ တာဝန်ဝတ္တရားတစ်ရပ်ဖြင့် တည်ထောင်ခဲ့သည်။ အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက်။ DAWN သည် မြန်မာနိုင်ငံရှိ အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု အခန်းကဏ္ဍတွင် ၅နှစ်တာကာလ ပါဝင်ခြင်း အထမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားရန် အဓိဋ္ဌာန်ပြုခြင်းဖြင့် DAWN သည် ယနေ့ ၂၀၂၀ ပြည့်နှစ်တွင် သူ၏ ၅နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပပါသည်။ DAWN သည် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသော မိသားစုများ၏ လူနေမှုဘဝကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ဖြစ်လာရန်ဟူသော အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတဝှမ်း ရုံးခွဲပေါင်း ၆၀ ကျော်ဖြင့် အမျိုးသမီး တစ်နိုင်တစ်ပိုင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင်များ အပါအဝင် အဖွဲ့ဝင်ပေါင်း ၂၅၀,၀၀၀ ကျော်အတွက် DAWN သည် ငွေရေးကြေးရေးနှင့် လူမှုဘဝ ရည်မှန်းချက် နှစ်ခုစလုံး ပြည့်မီစေရန် ကူညီပေးပြီး အရည်အသွေး မြင့်မားသည့်

လူမှုဘဝ တာဝန်ဝတ္တရားတစ်ရပ်ဖြင့် တည်ထောင်ခဲ့သည်။ အနာဂတ်ရည်မှန်းချက်ဖြင့် ရှေ့ဆက်လျက်။ DAWN သည် မြန်မာနိုင်ငံရှိ အားလုံးပါဝင်နိုင်သည့် ပိုမိုကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု အခန်းကဏ္ဍတွင် ၅နှစ်တာကာလ ပါဝင်ခြင်း အထမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ Read More »

Scroll to Top