Early Dawn Microfinance ကုမ္ပဏီ၏ ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဇူလိုင်လ (၃) ရက်နေ့တွင် DAWN ရုံးချုပ်၌ ကုသိုလ်ပြု ကျင်းပခဲ့ပါသည်။
အလှူပွဲတွင် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ နဝကမ္မဝတ္ထုများ နှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာနှင့် နေ့လည်စာတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
🙏🏻 ဤကောင်းမှုကုသိုလ်အစုစုကို Early Dawn Microfinance မိသားစုဝင်များနှင့်အတူ နတ်လူသတ္တဝါအပေါင်းတို့ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပြီး ကုသိုလ်အဖို့ဘာဂများ ရရှိခံစားနိုင်ကြပါစေကြောင်း မျှဝေမှတ်တမ်းတင်အပ်ပါသည်။



