Learning Together, Growing Together 💚

ဝန်ထမ်းတွေရဲ့ အသိပညာနဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်လာစေဖို့ Early Dawn Microfinance က ပံ့ပိုးပေးနေတဲ့ Staff Development Program – SFU Certificate Course Program လေးဟာ အောင်မြင်စွာ ဆက်လက်လည်ပတ်လျက်ရှိပါတယ်။ 🎓

၂၀၂၅ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ ဒီအစီအစဉ်လေးဟာ အခုဆိုရင် Batch 6 အထိ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး Batch 7 ကိုလည်း ဆက်လက်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ယနေ့အထိ ဌာနအသီးသီးနဲ့ ရုံးခွဲအသီးသီးက ဝန်ထမ်းပေါင်း ၅၁၃ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ အဲဒီအထဲက ၃၁၃ ဦး ကတော့ သင်တန်းအောင်မြင်စွာ ပြီးမြောက်ကာ Certificate တွေ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ 🎉

ဒီ Program မှာလည်း လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးချနိုင်မယ့် ဘာသာရပ်အမျိုးမျိုးကို လေ့လာသင်ယူခွင့်ရရှိတာကြောင့် မိမိတို့ရဲ့ အသိပညာနဲ့ လက်တွေ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို သင်ယူလေ့လာခွင့်တွေ ဖန်တီးပေးခြင်းက ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အားပေးရုံသာမက ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားတဲ့ Early Dawn Microfinance ရဲ့ ရင်းနှီးမြှုပ်နှံပံ့ပိုးမှုကိုလည်း ဖော်ပြနေပါတယ်။ 💚

Certificate ရရှိခဲ့ကြတဲ့ ဝန်ထမ်းအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်။ 👏 လက်ရှိသင်တန်းတက်ရောက်နေကြသူတွေနဲ့ ရှေ့ဆက်ပါဝင်တက်ရောက်ကြမယ့် ဝန်ထမ်းတွေလည်း အသိပညာအသစ်တွေ ဆက်လက်ရယူရင်း မိမိရဲ့အရည်အသွေးတွေကို မြှင့်တင်နိုင်ပြီး အောင်မြင်မှုများ ပိုမိုရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။✨

At Early Dawn, we grow when our people grow. 💚

#EarlyDawnMicrofinance #StaffDevelopment #ContinuousLearning #GrowingTogether

Scroll to Top