DAWN အဖွဲ့ဝင်တစ်ဦး၏ ရင်ဆိုင်ကျော်လွှားအခက်အခဲများ

အဖွဲ့ဝင်များရဲ့ ပျော်ရွှင်ခြင်းဟာ DAWNရဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ထို့ကြောင့်လည်းပဲ DAWN အနေဖြင့် အမျိုးသမီးစွန့်ဦး တီထွင်လုပ်ငန်းရှင်များ၏ လူမှုစီးပွားဘဝ ရည်မှန်းချက်များပြည့်ဝစေဖို့ ဆောင်ရွက်သည့်နေရာတွင် အထောက်အကူဖြစ်စေရန် အရည်အသွေးပြည့်မှီသော ငွေကြေး ဝန်ဆောင်မှုများကို မည်သည့်အခြေအနေမျိုးတွင်မဆို ထောက်ပံ့အကူအညီပေးလျက် ရှိပါသည်။ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် အချိန်ကာလ မှာပင် DAWN အနေဖြင့် အဖွဲ့ဝင်များ၏ တစ်ဦးချင်းအခြေအနေများကို ဆန်းစစ်သုံးသပ် အခြေခံ၍ သင့်တော်မည့် ငွေကြေးဆိုင်ရာဝန်ဆောင် မှုများပေးအပ်ပြီး အဖွဲ့ဝင်များအတွက် စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ရဲ့ ငွေကြေးဝန်ဆောင်မှုများ သည် မိမိတို့၏အဖွဲ့ဝင် အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များနှင့် ၎င်း၏မိသားစုဝင်များအား မည်သို့အကျိုးပြုပုံနှင့်ပတ်သတ်၍ ပြောကြားလာသော ရင်တွင်းစကားသံများကို လက်ခံရရှိထားပါသည်။
အရှေ့ဒဂုံမြို့နယ်မှ အဖွဲ့လိုက်ချေးငွေအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်(၃၁)နှစ်အရွယ် ဒေါ်ဖြူစင်သည် DAWN နဲ့ လက်တွဲခဲ့သည်မှာ (၇)နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ လက်ရှိတွင် သူမအနေဖြင့် DAWN ထံမှ ချေးငွေကျပ်သိန်း(၂၀) ငွေကြေးဝန်ဆောင်မှုကို လက်ခံရယူထားပြီး၊ ရရှိထားသော ချေးငွေများကို သူမရဲ့ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဦးထုပ်ချုပ်လုပ်ခြင်းလုပ်ငန်းမှာ ရင်းနှီးမြှုပ် နှံထားပါသည်။ ပြီးခဲ့သော နှစ်ကာလတုန်းအတွင်း ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုဖြစ်စဉ်များသည် သူမနှင့် သူမ၏မိသားစုအပေါ် ရိုက်ခတ်မှုများဖြစ်စေခဲ့ပြီး အခက်အခဲများ စွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ COVID-19 တတိယလှိုင်းကာလတွင် သူမ၏မိသားစုဝင်များသည် COVID-19 ရောဂါကူးစက်ခံခဲ့ရပြီး၊ နောက်ဆက်တွဲ ရောဂါလက္ခဏာများကိုလည်း (၁)လကျော်ခန့် ခံစားခဲ့ရပါသည်။
နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်း၊ ဈေးနှုန်းများ မြင့်တက်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပြီး၊ သူမ၏ စီးပွားရေးလုပ်ငန်းကို ထိခိုက်စေခဲ့ပါသည်။ သူမက “ကျွန်မလိုချင်သလောက် ပိတ်လိပ်တွေ လုံလုံလောက်လောက် ဝယ်လို့မရခဲ့ဘူး။ ဒါကြောင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်နေတဲ့ကာလအတွင်းမှာ ကျွန်မရဲ့လုပ်ငန်းတစ်ဝက်လောက်ကို ရပ်နားထား ခဲ့ရပြီး၊ အော်ဒါအမှာစာတွေကိုလည်း သတ်မှတ်ရက်အတွင်း ပြီးစီးအောင် မချုပ်နိုင်ပဲဖြစ်ရတယ်။ ဒါ့အပြင် အပြိုင်အဆိုင်များတဲ့ ဦးထုပ်ဈေးကွက်မှာ ဈေးကောင်းကောင်းမရတာကြောင့် အမြတ်တွေ လည်း နည်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်မလုပ်ငန်းရဲ့ နေ့စဉ်ငွေအသုံးစရိတ်အတွက် အခက်အခဲများ ဖြစ်လာခဲ့ပါတယ်။”

“ အဲ့ဒီအချိန်မှာ ကံကောင်းထောက်မစွာပဲ DAWN က ကျွန်မအတွက် အကူအညီဖြစ်လာခဲ့ပါတယ်” လို့ သူမက မှတ်ချက်ပြုခဲ့ပါသည်။ DAWN အနေဖြင့် ချေးငွေသက်တမ်းကို (၂)လ ထပ်တိုးပေးခဲ့ပြီး၊ ထပ်တိုး(၂)လအတွက်လည်း အတိုးကောက်ခံခြင်း မပြုလုပ်ခဲ့ပါ။ ထို့အပြင် မရေရာမသေချာသော ကာလအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည့် အဖွဲ့ဝင်များအတွက် အရေးပေါ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ထပ်ဆောင်းချေးငွေကို မိတ်ဆက်ပေးပြီး ကူညီပံ့ပိုးပေးခဲ့ပါသည်။ “DAWN အနေနဲ့ ပြန်ဆပ်ငွေပမာဏများနှင့်ပတ်သတ်၍ ကျွန်မတို့တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး လိုအပ်ပါက ပြန်ဆပ်ငွေကာလကို အသစ်ရေးဆွဲခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်”။ ထပ်မံ၍ သူမက “အဖွဲ့ဝင်များ ပြန်ဆပ်ငွေကို ဌာနခွဲရုံးသို့ လာမသွင်းနိုင်ပါ ကလည်း DAWN ကချိတ်ဆက်ထားတဲ့ ဘဏ်တွေ၊ မိုဘိုင်းမန်းနီးအေးဂျင့်တွေ ကနေတဆင့် ပေးသွင်းလို့ရအောင်လည်း စီစဉ်ဆောင်ရွက်ပေး ထားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
“DAWN ရဲ့ အတိုးနှုန်းသက်သာတဲ့ ချေးငွေကြောင့် ကျွန်မရဲ့စီးပွားရေးလုပ်ငန်းမှာ များစွာအကျိုး ဖြစ်ထွန်းစေခဲ့ပါတယ်။ ကျွန်မအနေနဲ့ လုပ်ငန်းမှာ အရင်းအနှီးပိုထည့်လာနိုင်ပြီး၊ နေ့စဉ် လုပ်ငန်းငွေအသုံးစရိတ်အတွက်လည်း အဆင်ပြေလာခဲ့ပါတယ်။ ဒီလိုအဆင်ပြေလာတဲ့အတွက် ပစ္စည်းတွေကိုလည်း ဈေးကောင်းရတဲ့အထိ လှောင်ထားနိုင်ခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ ထို့အပြင် “DAWN က ကျွန်မတို့ရဲ့ အခက်အခဲတွေကို နားလည်ပေးလို့ ကျွန်မတို့အနေနဲ့ DAWN ကို ယုံကြည်မိပါတယ်” လို့ ဖြည့်စွက်ဖြေကြားခဲ့ပါသည်။ DAWN အနေဖြင့် ဈေးကွက်မှာ အကောင်းဆုံးသော အဖွဲ့အစည်းအဖြစ် အောင်မြင်မှုတွေရရှိပြီး၊ သူမရဲ့ စီးပွားရေးလုပ်ငန်းနဲ့ မိသားစုဝင်များကို ထပ်မံ၍ အကူအညီပေးနိုင်ပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပါသည်။

Scroll to Top