Smart Certification ခရီးဆီသို့ လျှောက်လှမ်းခြင်း (သို့) ၂၀၂၁ တွင် စိုက်ထူခဲ့သော DAWN ၏မှတ်တိုင်
DAWN သည် (၂၀၀၂) ခုနှစ်တွင် Save the Children ၏အစီအစဉ်တစ်ခုအဖြစ် စတင်ခဲ့ကတည်းကပင် “ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော မိသားစုများ၏ လူနေမှုဘဝများကို မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ တွင်အကောင်းဆုံးသော အသေးစားငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်ရန်” ဟူသော မျှော်မှန်းချက် အတိုင်း တည်ထောင်ခဲ့ပါသည်။ (၂၀၁၅) ခုနှစ်တွင် Accion International, Dutch Development Bank ဖြစ်သည့် (FMO) နှင့် Triodos Invesment Management တို့သည် DAWN တွင် ရင်းနှီးမြှုပ်နှံ၍ သီးခြားလွတ်လပ်သော အသေးစားငွေရေးငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ ပါသည်။ ထိုအချိန်မှစတင်ပြီး DAWN ကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်၊ ဆန်းသစ်တီထွင်မှုရှိသည့် ငွေကြေး ဝန်ဆောင်မှုများကို တိုးတက်အောင်လုပ်ဆောင်ပြီး၊ […]










