Author name: webadmin

Quarterly Strategic Meeting

DAWN Microfinance (H.O) ၏ 2025-2026 (Quarter-II) အတွက် Strategic Workshop ကို ၂၀၂၅ခုနှစ်၊ သြဂုတ်လ၊ ၁၅ရက်နှင့် ၁၆ရက်နေ့တွင် ပဲခူးတိုင်း‌ဒေသကြီး၊ အင်းတကော်ရှိ ဘူးလယ်အင်းဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ CEO, COO, CFO နှင့် ရုံးချုပ်ဌာန အသီးအသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနတစ်ခုချင်းစီမှ ပြီးခဲ့သည့် Quarter-I ၏ Achievements များ၊ လာမည့် Quarter-II အတွက် စီစဥ်ဆောင်ရွက်ထားရှိမူများ၊ ဖြစ်ပေါ်လာနိုင်မည့် စိန်ခေါ်မူများနှင့် ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ သက်ဆိုင်ရာဌာနများမှ တင်ပြမူများကို တခြားဌာနများနှင့် အတူတကွပါဝင်ဆွေးနွေးခဲ့ကြပြီး CEO ကလည်း စိန်ခေါ်မူများနှင့် အခက်အခဲများအတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အစည်းအဝေး […]

Quarterly Strategic Meeting Read More »

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

Early Dawn Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ၊ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် DAWN ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်နှင့် အနုမောဒနာတရားများကို ဟောကြား ချီးမြှင့်ပြီးနောက် ကုမ္ပဏီဝန်ထမ်းများက ဆရာတော် သံဃာတော်တို့ကို ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မ လှုဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြပြီး ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာ၊ နေ့လည်စာတို့ဖြင့် ကျွေးမွေးခဲ့ပါသည်။ ယနေ့ပြုလုပ်သော DAWN Microfinance ကုမ္ပဏီလီမိတက်၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို DAWN ၏ အဖွဲ့ဝင်များ နှင့်တစ်ကွ နတ်လူသတ္တဝါအပေါင်းတို့အား

DAWN Microfinance ကုမ္ပဏီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ Read More »

DAWN Microfinance ၏ Operations Management Workshop-2025 ပထမအကြိမ် ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နှင့် ၂၄ရက်နေ့တို့တွင် Early Dawn Microfinance ၏ CEO, CFO, COO နှင့်အတူ Senior Management Team မှသက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများသည် Operations Management Workshop-2025 ပထမအကြိမ်ကို ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Mingalar Ballroom ၌ ၂ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Workshop ပထမနေ့တွင် CEO, CFO နှင့် COO တို့က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး Operation Department မှ Business Development နှင့်ပတ်သက်သည့် အကြောင်းအရာများ၊

DAWN Microfinance ၏ Operations Management Workshop-2025 ပထမအကြိမ် ကျင်းပပြုလုပ် Read More »

DAWN Microfinance ကုမ္ပဏီဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ရေသန့်စက်နှင့်ဆိုလာ လှူဒါန်း

၂၀၂၅ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် DAWN Microfinance ကုမ္ပဏီဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ငလျင်ဒဏ်ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြင်စိုင်း(အလယ်)ကျေးရွာတွင် ရေသန့်စက်နှင့်ဆိုလာအသုံးပြုရန်အတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုကို DAWN Microfinance ရှိ ဝန်ထမ်းမိသားစုများအားလုံး၏ ကိုယ်ပိုင် စိတ်အားထက်သန်မှုဖြင့် ရရှိလာသည့် စုပေါင်းအလှူငွေဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလှူဒါန်းသည့် ရေသန့်စက်နှင့်ဆိုလာမှာ မြင်စိုင်း(အလယ်)ကျေးရွာအတွင်းရှိ အိမ်ထောင်စုပေါင်း (၅၀၀)ကျော်ကို နေ့စဉ်လုံလောက်သည့် ရေသန့်များကို ပေးဝေသွားနိုင်မှာဖြစ်ပါသည်။ အဆိုပါ ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန်မှာ ရေတွင်းတူးရန်အတွက် ကုန်ကျစရိတ်အလွန်မြင့်မားနေခြင်းနှင့် ရေတွင်ပါဝင်သော ထုံးဓာတ်များပြားနေခြင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်ခြင်း စသည့်အခက်အခဲ များအားလုံးကိုပြေလည်သွားမည်ဖြစ်ပြီး ရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေ ရရှိမှုပြဿနာနှင့် ရေကြောင့်ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း ထိရောက်စွာ လျှော့ချနိုင်မည်ဟု ရည်ရွယ်၍လှူဒါန်းခြင်း ဖြစ်ပါသည်။ ရေသန့်စက်မှ တစ်နာရီလျှင်

DAWN Microfinance ကုမ္ပဏီဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ရေသန့်စက်နှင့်ဆိုလာ လှူဒါန်း Read More »

DAWN Microfinance ၏ CEO နှင့် ရုံးချုပ်မှတာဝန်ရှိသူများက ရုံးခွဲများသို့ လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေး

DAWN Microfinance ၏ CEO, ဒေါ်ခင်သီတာနှင့် ရုံးချုပ်မှ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၄ရက်နေ့နှင့် ၅ရက်နေ့တို့တွင် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်နှင့် မိတ္ထီလာမြို့များရှိ DAWN ရုံးခွဲများသို့ လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ရုံးခွဲများ၌ ဆောင်ရွက်နေသော စီမံခန့်ခွဲမှုများနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစဉ်များကို ပိုမိုမှန်ကန်မြန်ဆန်အောင် အကဲဖြတ်ပေးခြင်း၊ ကြုံတွေ့နေရသော အခက်အခဲများကို အကြံပြုဖြေရှင်းပေးခြင်းနှင့် လိုအပ်သောအကူအညီများပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ အဆိုပါခရီးစဉ်တွင် CEO သည် ရုံးခွဲဝန်ထမ်းများနှင့် ကိုယ်တိုင်ရင်းနှီးစွာတွေ့ဆုံပြီး မိမိ၏အတွေ့အကြုံများ၊ အောင်မြင်မှုများနှင့် တိုးတက်လာစေသောအချက်များကို ဝမ်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏အမြင်များကိုလည်း နားထောင်ပေးခြင်း၊ အလုပ်အပေါ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကိုလည်း နားထောင်ပေးခဲ့ပါသည်။ ယခုတစ်ခေါက် လှည့်လည်ကြည့်ရှုမှုသည် ကုမ္ပဏီအတွင်း

DAWN Microfinance ၏ CEO နှင့် ရုံးချုပ်မှတာဝန်ရှိသူများက ရုံးခွဲများသို့ လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေး Read More »

အသိပညာသည် စွမ်းအားဖြစ်သည်။

DAWN အနေဖြင့် အဖွဲ့ဝင်များအားလုံး ကုမ္ပဏီ၏ ချေးငွေ ဝန်ဆောင်မှုများအကြောင်းကို ကောင်းစွာသိရှိ နားလည်အောင်ပြုလုပ်ခြင်းဖြင့်  အဖွဲ့ဝင်များအား ကာကွယ်စောင့်ရှောက်သွားရန် ကြိုးစားအားထုတ်လျက်ရှိ ပါသည်။ သင်သည် DAWN အဖွဲ့ဝင်ဖြစ်ပါက အောက်ဖော်ပြပါ အကြောင်းအရာများသည် သင့်အနေဖြင့် သိသင့်သိထိုက်သည့် အကြောင်းအရာများဖြစ်ပါသည်။ (၁) သင်၏ ချေးငွေနှင့်ပတ်သက်သော သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိထားရန်။ အဖွဲ့ဝင်များအနေဖြင့် မိမိထုတ်ယူသော ချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကို အသေးစိတ်သိရှိထားရန် လိုအပ်ပါသည်။ ချေးငွေနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိရန်အတွက် မိမိ၏ ချေးငွေမှတ်တမ်း စာအုပ်၊ ချေးငွေဆိုင်ရာ သဘောတူညီချက်များနှင့် လက်ကမ်းစာစောင်တွင်ပါဝင်သော  သတင်းအချက်အလက်များကို ဖတ်ရှုနိုင်ပါသည် (သို့မဟုတ်) DAWN ဝန်ထမ်းများထံတွင်လည်း စုံစမ်းမေးမြန်း နိုင်ပါသည်။ ချေးငွေနှင့်ပတ်သတ်သည့် အခြေခံသတ်မှတ်ချက်များ အတိုးနှုန်း တစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း၊

အသိပညာသည် စွမ်းအားဖြစ်သည်။ Read More »

DAWN နှင့် AGD Bank တို့အကြား ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း

ယခုသီတင်းပတ်တွင် Early Dawn Microfinance Company Limited (DAWN) နှင့် AGD Bank တို့သည် မြန်မာကျပ်ငွေ (၈) ဘီလီယံနှင့်ညီမျှသော ငွေကြေးဆိုင်ရာ သဘောတူညီမှုစာချုပ်တစ်ခု ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ Chief Finance and Risk Officer ဒေါ်မိမိစိန်မှ တက်ရောက်၍ DAWN ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ DAWN၏ Chief Executive Officer ဖြစ်သူ Mr.Ravi Tissera က “ကျွန်တော်တို့ Microfinance Customer တွေရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အချိန်အခါကောင်းမှာ ယခုလို ငွေကြေးဆိုင်ရာ အထောက်အပံ့ အကူအညီကို ရရှိခဲ့တာ ဘဲဖြစ်ပါတယ်၊ ယခုလို AGD Bank

DAWN နှင့် AGD Bank တို့အကြား ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း Read More »

Scroll to Top