DAWN နှင့် AGD Bank တို့အကြား ငွေကြေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း

ယခုသီတင်းပတ်တွင် Early Dawn Microfinance Company Limited (DAWN) နှင့် AGD Bank တို့သည် မြန်မာကျပ်ငွေ (၈) ဘီလီယံနှင့်ညီမျှသော ငွေကြေးဆိုင်ရာ သဘောတူညီမှုစာချုပ်တစ်ခု ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ Chief Finance and Risk Officer ဒေါ်မိမိစိန်မှ တက်ရောက်၍ DAWN ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့ပါသည်။
DAWN၏ Chief Executive Officer ဖြစ်သူ Mr.Ravi Tissera က “ကျွန်တော်တို့ Microfinance Customer တွေရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အချိန်အခါကောင်းမှာ ယခုလို ငွေကြေးဆိုင်ရာ အထောက်အပံ့ အကူအညီကို ရရှိခဲ့တာ ဘဲဖြစ်ပါတယ်၊ ယခုလို AGD Bank ရဲ့ အထောက်အပံ့ပေးမှုအပေါ် အထူးဘဲ ဝမ်းမြောက် မိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

DAWN နှင့် AGD Bank တို့အကြား ချုပ်ဆိုသော ဤချေးငွေဆိုင်ရာ သဘောတူညီချက်အရ နေရာဒေသအသစ်များရှိ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသော အမျိုးသမီးများနှင့် အသေးစားစီးပွားရေး လုပ်ငန်းရှင်များအား အရည်အသွေးပြည့်ဝသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လူမှုစီးပွားများဖွံ့ဖြိုးလာရန်အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

သတင်းအပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

Images: AGD Bank

Scroll to Top