Quarterly Strategic Meeting

DAWN Microfinance (H.O) ၏ 2025-2026 (Quarter-II) အတွက် Strategic Workshop ကို ၂၀၂၅ခုနှစ်၊ သြဂုတ်လ၊ ၁၅ရက်နှင့် ၁၆ရက်နေ့တွင် ပဲခူးတိုင်း‌ဒေသကြီး၊ အင်းတကော်ရှိ ဘူးလယ်အင်းဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ CEO, COO, CFO နှင့် ရုံးချုပ်ဌာန အသီးအသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနတစ်ခုချင်းစီမှ ပြီးခဲ့သည့် Quarter-I ၏ Achievements များ၊ လာမည့် Quarter-II အတွက် စီစဥ်ဆောင်ရွက်ထားရှိမူများ၊ ဖြစ်ပေါ်လာနိုင်မည့် စိန်ခေါ်မူများနှင့် ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ သက်ဆိုင်ရာဌာနများမှ တင်ပြမူများကို တခြားဌာနများနှင့် အတူတကွပါဝင်ဆွေးနွေးခဲ့ကြပြီး CEO ကလည်း စိန်ခေါ်မူများနှင့် အခက်အခဲများအတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အစည်းအဝေး ဒုတိယနေ့တွင် Group Work Activity များဖြင့် တက်ကြွစွာ ဆွေးနွေးပြုလုပ်ခဲ့ကြပြီး CEO ၏ အကြံပြုမှတ်ချက်များဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

Scroll to Top