Early Dawn Microfinance Employee Well-being Program

အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတဲ့ နေ့စဉ်ဘဝကြီးမှာ မိမိကိုယ်ကို သတိပြုမိဖို့၊ မိမိရဲ့စိတ်၊ မိမိရဲ့ခန္ဓာကိုယ်ကို ပြန်ဂရုစိုက်ဖို့ ကျွန်တော်တို့အားလုံး မေ့လျော့နေကြပါတယ်။ ဒါပေမယ့် မိမိရဲ့စိတ်အေးချမ်းမှုက မည်သည့်အရာထက်မဆို တန်ဖိုးအရှိဆုံးပါပဲ။

ဒါကြောင့် Employee Well-being Program အနေဖြင့် Early Dawn Microfinance မှ အောက်တိုဘာလ (၁၆) ရက်နေ့နဲ့ (၁၇) ရက်နေ့တို့တွင်ပြုလုပ်ပေးခဲ့ပြီး Honest Hour ၏ “Daily Dose of Mental Health” အကြောင်းအရာခေါင်းစဉ်ဖြင့် DAWN ရုံးချုပ် ဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ Program တွင် စိတ်ဖိစီးမှုနှင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်းဆိုင်ရာအကြောင်းကိုနားလည်ခြင်းနှင့် အစောပိုင်းလက္ခဏာများ၊ အကျိုးမရှိတဲ့အတွေးများ စိတ်ခံစားချက်များကိုလျှော့ချခြင်း၊ အကျိုးရှိတဲ့ စိတ်ကျန်းမာရေး အလေ့အကျင့်ကောင်းများ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုအားကောင်းစေခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းဆိုင်ရာနည်းဗျူဟာများကို အတူတကွ စုပေါင်းဆွေးနွေး ဖြေရှင်းခဲ့ကြပါတယ်။

Early Dawn Microfinance အနေဖြင့် မိမိတို့ ဝန်ထမ်းအားလုံး၏ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ဓာတ်သန်မာပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများနဲ့ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အစဉ်အမြဲအလေးထားပြီး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

#EarlyDawnMicrofinance #EmployeeWellbeing #HonestHour #MentalHealthAwareness #Mindfulness #TeamCare #WorkplaceWellbeing

Scroll to Top