DAWN Microfinance Company မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မှ မတ်လ ၂၉ ရက် အထိ ကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် (၉) ခုရှိ ရုံးခွဲအားလုံးမှ ဝန်ထမ်းများအတွက် Staff Refresher Training သင်တန်းကို အောင်မြင်စွာ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
ဤသင်တန်း၏ အဓိကရည်ရွယ်ချက်များမှာ ဝန်ထမ်းများ၏ Professional Skills မြှင့်တင်ရန်၊ Customer Service စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် Digital Financial Services အသုံးပြုနိုင်မှု ကျွမ်းကျင်စေရန်တို့ ဖြစ်ပါသည်။ သင်တန်းတွင် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ နည်းပညာများ၊ ဖောက်သည်ဆက်ဆံရေး စွမ်းရည်မြှင့်တင်ခြင်းနှင့် ကုမ္ပဏီမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ အပါအဝင် အရေးကြီးသော အကြောင်းအရာများကို ထည့်သွင်းသင်ကြားပေးခဲ့ပါသည်။ သင်တန်းတက်ရောက်ခဲ့သည့် ဝန်ထမ်းများအားလုံးသည် ရရှိလာသည့် အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချကာ ကုမ္ပဏီ၏ အောင်မြင်မှုကို အတူတကွ ဖန်တီးနိုင်ကြမည်ဟု မျှော်လင့်ပါသည်။
DAWN Microfinance အနေဖြင့် ဝန်ထမ်းများ၏ အရည်အချင်းမြှင့်တင်ရန် ဤကဲ့သို့သော သင်တန်းများကို နှစ်စဉ်ပုံမှန် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။