DAWN Microfinance မှ ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများသို့ သွားရောက်ကူညီထောက်ပံ့ပေးခြင်း

၂၀၂၅ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် DAWN Microfinance ရုံးချုပ်တာဝန်ရှိသူများ က မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ စဉ့်ကိုင် မြို့များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရသော အဖွဲ့ဝင်အသင်းသားများနှင့် တွေ့ဆုံကာ အသင်းသားများအနေဖြင့် လက်ရှိကြုံတွေနေရသော အခက်အခဲများ၊ ရှေ့ဆက်ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်သောအကြောင်းအရာများကို မေးမြန်းပြီး နှစ်သိမ့်ဆွေးနွေးအားပေးကာ ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် DAWN ဝန်ထမ်းများနှင့်လည်း တွေ့ဆုံကာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သူများကို ထောက်ပံ့ငွေများလှူဒါန်းခဲ့ပါသည်။

DAWN Microfinance အနေဖြင့် ကနဦးလှူဒါန်းမှုအနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများရှိ အဖွဲ့ဝင်အသင်းသားများထံသို့ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် ငွေကျပ်သိန်း (၁၅၀၀) ကျော်ရှိ ငွေကြေးအထောက်အပံ့များကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ငလျင်ဒဏ် ခံစားခဲ့ရသော ဒေသများတွင် လိုအပ်သောလှူဒါန်းမှုများအပြင် ၄င်းတို့၏လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်သလို ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

The gallery was not found!
Scroll to Top