DAWN Microfinance ၏ Operations Management Workshop-2025 ပထမအကြိမ် ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့ နှင့် ၂၄ရက်နေ့တို့တွင် Early Dawn Microfinance ၏ CEO, CFO, COO နှင့်အတူ Senior Management Team မှသက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများသည် Operations Management Workshop-2025 ပထမအကြိမ်ကို ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Mingalar Ballroom ၌ ၂ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ Workshop ပထမနေ့တွင် CEO, CFO နှင့် COO တို့က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး Operation Department မှ Business Development နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ Branch Operation နှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြပြီး Group Discussion များဖြင့်လည်း Activity များပြုလုပ်ကာ တက်ရောက်လာကြသော ရုံးခွဲများမှတာဝန်ခံများကလဲ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Workshop ဒုတိယနေ့တွင် ရုံးချုပ်ဌာန အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိဌာန၏ ရှေ့ဆက်မည့် Plan များ၊ လက်ရှိအခြေအနေများ၊ Activity များနှင့် လုပ်ငန်းနှင့် ပတ်သက်သော အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် CEO မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ DAWN Microfinance ၏ Operations Management Workshop-2025 ပထမအကြိမ် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

ထို့နောက် ညပိုင်းတွင် Operations Management Workshop-2025 ၌ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြသူများ အားလုံးကို ညစာဖြင့် ကျွေးမွေးဧည့်ခံကာ June လ မွေးနေ့ရှင်များအတွက် Birthday Party အစီအစဥ်များ၊ သီဆိုဖျော်ဖြေမူများနှင့် ညပိုင်းအခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။

Scroll to Top