၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့မှ ၇ရက်နေ့အထိ Early Dawn Microfinance ၏ CEO, CFO, COO, CIO နှင့်အတူ Senior Management Team မှသက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများသည် Operations Management Workshop-2024 ကို ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Mingalar Ballroom ၌ ၃ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ Workshop ပထမနေ့တွင် CEO, CFO, COO, CIO တို့က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ရုံးချုပ်ဌာန အသီးသီးရှိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မိမိဌာန၏ ရှေ့ဆက်မည့် Plan များ၊ လက်ရှိအခြေအနေများ၊ Activity များနှင့် လုပ်ငန်းနှင့် ပတ်သက်သော အကြောင်းအရာများကို တင်ပြဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ညပိုင်းတွင် ကြွရောက်လာသူများ အားလုံးကို ညစာဖြင့် ကျွေးမွေးဧည့်ခံကာ December လ မွေးနေ့ရှင်များအတွက် Birthday Party အစီအစဥ်များ၊ သီဆိုဖျော်ဖြေမူများနှင့် ပထမနေ့ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် Workshop ဒုတိယနေ့တွင် Operation Department မှ Business Development နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ Branch Operation နှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြပြီး Group Discussion များဖြင့်လည်း Activity များပြုလုပ်ကာ တက်ရောက်လာကြသော ရုံးခွဲများမှတာဝန်ခံများကလဲ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
Workshop နောက်ဆုံးနေ့တွင် Soft Skill Training အဖြစ် Honest Hour မှစီစဥ်ပြုလုပ်သော Employee Well-being Program ကို ဌာနခွဲအသီးသီးမှ တာဝန်ခံများအားလုံးက တက်ကြွစွာ ပါဝင်လှုပ်ရှား ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် CEO မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ DAWN Microfinance ၏ Operations Management Workshop-2024 အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။