DAWN Microfinance ၏ CEO နှင့် ရုံးချုပ်မှတာဝန်ရှိသူများက ရုံးခွဲများသို့ လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေး

DAWN Microfinance ၏ CEO, ဒေါ်ခင်သီတာနှင့် ရုံးချုပ်မှ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၄ရက်နေ့နှင့် ၅ရက်နေ့တို့တွင် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်နှင့် မိတ္ထီလာမြို့များရှိ DAWN ရုံးခွဲများသို့ လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ရုံးခွဲများ၌ ဆောင်ရွက်နေသော စီမံခန့်ခွဲမှုများနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစဉ်များကို ပိုမိုမှန်ကန်မြန်ဆန်အောင် အကဲဖြတ်ပေးခြင်း၊ ကြုံတွေ့နေရသော အခက်အခဲများကို အကြံပြုဖြေရှင်းပေးခြင်းနှင့် လိုအပ်သောအကူအညီများပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အဆိုပါခရီးစဉ်တွင် CEO သည် ရုံးခွဲဝန်ထမ်းများနှင့် ကိုယ်တိုင်ရင်းနှီးစွာတွေ့ဆုံပြီး မိမိ၏အတွေ့အကြုံများ၊ အောင်မြင်မှုများနှင့် တိုးတက်လာစေသောအချက်များကို ဝမ်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏အမြင်များကိုလည်း နားထောင်ပေးခြင်း၊ အလုပ်အပေါ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကိုလည်း နားထောင်ပေးခဲ့ပါသည်။

ယခုတစ်ခေါက် လှည့်လည်ကြည့်ရှုမှုသည် ကုမ္ပဏီအတွင်း ရုံးချုပ်နှင့် ရုံးခွဲအဖွဲ့များအကြား ပိုမိုမြန်ဆန်သော ဆက်သွယ်ရေးနှင့် ယုံကြည်မှုကို တည်ဆောက်ရန် ရည်ရွယ်သည်ဟု CEO, ဒေါ်ခင်သီတာ မှ ပြောကြားခဲ့သည်။ ထို့အပြင် ရုံးခွဲရှိဝန်ထမ်းများကလည်း ရုံးချုပ်မှ ကုမ္ပဏီ၏ခေါင်းဆောင်မှုအဖွဲ့အနေဖြင့် ယခုလို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး အခြေအနေများ၊ အခက်အခဲများ၊ ပံ့ပိုးကူညီမှုများနှင့် နားလည်ဆွေးနွေးမှုများကို အချိန်ပေးလာရောက်ခြင်းအတွက် များစွာဝမ်းသာအားရမိပါကြောင်း ဖြေကြား ခဲ့ကြပါသည်။

Scroll to Top