Early Dawn Microfinance မှ ဌာနအသီးသီးနှင့် ရုံးဌာနခွဲအသီးသီးရှိ ဝန်ထမ်းများအားလုံး ပါဝင်နိုင်ရန် Company-Wide Town Hall Meeting ကို Online Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ဌာနခွဲအသီးသီးမှ ဝန်ထမ်းများသည် တူညီသော Team Uniform များကို ဝတ်ဆင်၍ တစ်နေရာတည်းတွင် စုစည်းရောက်ရှိပြီးအွန်လိုင်းမှတစ်ဆင့် အတူတကွပါဝင်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုမှတစ်ဆင့် အဖွဲ့အစည်းအတွင်း သတင်းအချက်အလက်များ မျှဝေခြင်း၊ အမြင်များဖလှယ်ခြင်းနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေခဲ့ပါသည်။
Town Hall Meeting သည် အဖွဲ့အစည်း၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ရည်မှန်းချက်များကို တစ်သဘောတည်း နားလည်သဘောပေါက်နိုင်ရန်၊ ဌာနချုပ်နှင့် ဌာနခွဲများအကြား ဆက်သွယ်ပူးပေါင်းမှုကို ပိုမိုအားကောင်းစေရန်နှင့် အတူတကွ ရှေ့ဆက်နိုင်ရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။
Early Dawn Microfinance တွင် တစ်သင်းတည်းအဖြစ် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပိုမိုခိုင်မာသော အနာဂတ်ဆီသို့ ရှေ့ဆက်နိုင်ရန် အရေးကြီးသော အင်အားတစ်ရပ်ဖြစ်သည် ဟု ယုံကြည်ပါသည်။
#TownHall #Leadership #StaffEngagement #DAWNMicrofinance #OrganizationalExcellence #DigitalTransformation #Empowerment #StrategicPlanning






