💦 DAWN Microfinance ၏ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အကြို အထိမ်းအမှတ်ကို ဧပြီလ (၈) ရက်နေ့တွင် DAWN ရုံးချုပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုံးချုပ်ရှိ ဌာနအသီးသီးမှ ပြင်ဆင်ထားသော သင်္ကြန်မုန့်မျိုးစုံကို မျှဝေကျွေးမွေးကြပြီး သပြေခက်များဖြင့် ရေကစားကာ မြန်မာ့ရိုးရာသင်္ကြန် အငွေ့အသက်များကို အပြည့်အဝ ခံစားခဲ့ကြပါသည်။ ဆက်လက်ပြီး Senior Management Team မှ မြန်မာ့နှစ်သစ်ကူးအတွက် ဆုတောင်းစကားများကို ပြောကြားပေးခဲ့ကြပြီးနောက် ကံစမ်းမဲအစီအစဉ်များ၊ သင်္ကြန်တေးသီချင်းများနှင့် အကအလှ ဖျော်ဖြေမှုများက ပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး ဝန်ထမ်းများအားလုံး အတူတကွ ပျော်ရွှင်ဖွယ်ရာ အချိန်များကို မျှဝေခံစားခဲ့ကြပါသည်။ 🎶
🌸 ထို့ပြင် DAWN Microfinance ၏ မြန်မာ့တစ်နိုင်ငံလုံးရှိ ရုံးခွဲများတွင်လည်း ဝန်ထမ်းများအားလုံး တစ်ပြေးညီ သင်္ကြန်အကြိုပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ရန်အတွက်လဲ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ DAWN မိသားစုဝင်များအနေဖြင့် အတူတကွ ပျော်ရွှင်မှုကို မျှဝေခံစားနိုင်စေရန် ရည်ရွယ်ကာ စည်းလုံးညီညွတ်မှုနှင့် ပျော်ရွှင်မှုတို့၏ အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။ 💙🎉

















