၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ Inya Lake Hotel ၌ ကျင်းပပြုလုပ်သော International Women’s Day (IWD) 2026 “Back to Work” Event တွင် DAWN Microfinance မှ ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားအတွက် Sponsorship ပံ့ပိုးကူညီခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် DAWN Team မှ တက်ရောက်လာသူများနှင့် ရင်းနှီးစွာတွေ့ဆုံမိတ်ဆက်ကာ DAWN Microfinance ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် အမျိုးသမီးများအတွက် ရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများကို မျှဝေပေးခဲ့ပါသည်။
အစီအစဉ်အတွင်း ဖွင့်ပွဲအမှာစကားများ၊ keynote speech များ၊ inspirational sharing များ၊ panel discussion နှင့် networking session များကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအတွက် အတွေ့အကြုံများ ဖလှယ်ရန်နှင့် အသိပညာများ မျှဝေရန် အကျိုးရှိသော အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့ပါသည်။
DAWN Microfinance အနေဖြင့် ယခုကဲ့သို့ အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားတွင် ပါဝင်တက်ရောက်ခြင်းနှင့် Sponsorship ပံ့ပိုးပေးခြင်းမှတစ်ဆင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ပေးရေးနှင့် ပိုမိုပါဝင်နိုင်သော လုပ်ငန်းခွင်ပတ်ဝန်းကျင် တည်ဆောက်ရေး တို့ကို ဆက်လက်အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
#DAWNMicrofinance #InternationalWomensDay #BackToWork #WomenEmpowerment










