Early Dawn Microfinance အနေဖြင့် သြဂုတ်လ (၂၈) ရက်နေ့က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် (ဘက်စုံသုံးခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ “အလုပ်သင်နှင့်အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (INTERNSHIP & CAREER FAIR 2026)” အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲကြီးမှာ ဂုဏ်ယူစွာနဲ့ ပါဝင်ခဲ့ပါတယ်။
ဒီပွဲလေးကနေတစ်ဆင့် လူငယ်တွေအတွက် Career Opportunities တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ DAWN Microfinance မှာ အတူတကွ အလုပ်လုပ်ရင်း သင်ယူနိုင်မယ့် အနာဂတ်လမ်းကြောင်းတွေကို မျှဝေပေးနိုင်ခဲ့တဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင် INTERNSHIP & CAREER FAIR 2026 မှာ DAWN Microfinance နဲ့ လာရောက်တွေ့ဆုံပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
သင့်ရဲ့ Career Journey ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် DAWN Microfinance က အမြဲကြိုဆိုလျက်ရှိပါတယ်။













