UNCDF Workshop

၂၀၂၄ခုနှစ်၊ ဇွန်လ ( ၂၈)ရက်နေ့တွင် Wyndham Grand Hotel, Yangon ၌ UNCDF မှဦးစီးကျင်းပသော Digital Ecosystem and Agricultural Market Support Project (DEAM) Workshop သို့ Early Dawn Microfinance မှ Daw Nang Nyo Hla (COO) နှင့်အတူ ရုံးချုပ်ဌာနများရှိ တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ UNCDF မှတာဝန်ရှိသူများက အဖွင့်မှာစကားပြောကြားပြီး ယခု Workshop ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော MFI Company များ၏ တာဝန်ရှိသူများက Digitalization နှင့်ပတ်သက်ပြီး မိမိတို့ရင်ဆိုင်ရသော အခက်အခဲများ၊ အတွေ့အကြုံများ နှင့် အကြံပြုချက်များကို ‌မျှဝေဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ Workshop တွင် DAWN Microfinance အနေဖြင့်လည်း DAWN နှင့်ပတ်သက်သည့် Product Update များ၊ Digital Process များတွင် ဆောင်ရွက်ထားရှိမှုများနှင့် အခက်အခဲများ၊ ဖြေရှင်းချက်များကို ပါဝင်ဆွေးနွေး အကြုံပြုခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသော မေးခွန်းများကိုလည်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပါသည်။

အဆိုပါ Workshop ၏ နေ့လည်ပိုင်းတွင် UNCDF မှတာဝန်ရှိသူများသည် Digital Agricultural market ecosystem အကြောင်းကို အသေးစိတ်ရှင်းလင်းပြခဲ့သည်။ ထိုနောက် သက်ဆိုင်ရာ MFI Company များ၏ တာဝန်ရှိသူများကလည်း Digital Agricultural market ecosystem ၏ စိန်ခေါ်မူများ၊ အခက်အခဲများနှင့် အခွင့်အလမ်းများအား ဆွေးနွေးဝေမျှခဲ့ကြပါသည်။

Workshop အစီအစဥ်၏ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် UNCDF, MFI, Agritech, Bank နှင့် Agir Input Supplier တို့မှ တာဝန်ရှိသူများက Panel Discussion ကို ဆွေးနွေးခဲ့ကြပြီးနောက် Networking Tea Break အစီအစဥ်ဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။

Scroll to Top