Early Dawn Microfinance Company Limited, Credit Team မှ ဦးဆောင်ကျင်းပသည့် Credit Team Workshop ကို စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ The Regency Offices, Sagawa (Bagan Room) နှင့် (Popa Room) တို့၌ ၂ ရက်ကြာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Workshop သို့ CEO နှင့် COO တို့အပါအဝင် Credit Team မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ Workshop နှစ်ရက်တာကာလအတွင်း Credit Team မှဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အရည်အသွေး မြှင့်တင်ရေးအတွက် အဓိကအချက်များကို အလေးထား မျှဝေဆွေးနွေးခဲ့ကြပါသည်။
Workshop ၏ အစီအစဉ်များတွင် လုပ်ငန်းဆိုင်ရာ ဗဟုသုတများဖြစ်သည့် Business Update နှင့် Critical Thinking in Credit Decision တို့ကို မျှဝေခြင်း၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုဆိုင်ရာများဖြစ်သည့် Personal Branding, Time Management နှင့် Effective Problem Solving စသည့် အကြောင်းအရာများကို အတူတကွ မျှဝေ ဆွေးနွေးဖြေရှင်းခဲ့ကြပါသည်။
ဤ Workshop သည် Credit Team ဝန်ထမ်းများ၏ စွမ်းရည်ကို ပိုမိုထက်မြက်စေပြီး၊ လက်တွေ့ကျသော မျှဝေမှုများမှတစ်ဆင့် ကုမ္ပဏီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခိုင်အမာ အုတ်မြစ်ချပေးနိုင်ခဲ့ပါသည်။ ဤအစီအစဉ်သည် Early Dawn Microfinance ၏ အရည်အသွေးမြင့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းထားရှိရန်အတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။
#DAWNMicrofinance #CreditTeamWorkshop2025 #CreditExcellence #EmpoweringCredit #YourReliableFinancialPartner






