Early Dawn Microfinance ၏ Credit Team Workshop အောင်မြင်စွာ ကျင်းပပြုလုပ်

Early Dawn Microfinance Company Limited Credit Team မှ ဦးဆောင်ကျင်းပသည့် Credit Team Workshop ကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂ ရက်တာကာလအတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Workshop သို့ CEO နှင့် COO တို့အပါအဝင် Credit Team မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများနှင့် အသိပညာများကို အတူတကွ မျှဝေဆွေးနွေးခဲ့ကြပါသည်။

Workshop အတွင်းတွင် DAWN ၏ လုပ်ငန်းအခြေအနေများနှင့် ဈေးကွက်အခြေအနေများကို မျှဝေခြင်းအပြင် Income Statement နှင့် Balance Sheet များမှ သင်ယူနိုင်သော အချက်အလက်များ၊ MFI နှင့် Bank Loans ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို လေ့လာဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် Credit Analyst များ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် Professionalism, Time Management, Emotional Intelligence နှင့် Effective Problem Solving စသည့် အရေးကြီးသော အကြောင်းအရာများကိုလည်း မျှဝေခဲ့ကြပါသည်။

ဒုတိယနေ့ Workshop တွင် PAR PreventionMindset မြှင့်တင်ရေး၊ Critical Thinking နှင့် Reporting Skill တိုးတက်ရေးဆိုင်ရာ အကြောင်းအရာများအပြင် Reference Check Process နှင့် 5C Concept များ၊ Effective Communication နှင့် Leadership Style များကို အထူးအလေးထား ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် Region အလိုက် Risk လျှော့ချနိုင်ရေးနှင့် Credit Analyst များ၏ Skill များ တိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို မျှဝေခဲ့ကြပြီး လုပ်ငန်းအစီအစဉ်များကို လက်တွေ့ရလဒ်များအဖြစ် ပြောင်းလဲနိုင်ရန် Discussion Session များလည်း ပြုလုပ်ခဲ့ကြပါသည်။ Workshop ၏ နောက်ဆုံးတွင် Award အစီအစဉ်များကို ကျင်းပ၍ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

Workshop သည် Credit Team ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး၊ လက်တွေ့အသုံးချနိုင်သော အသိပညာများမှတစ်ဆင့် ကုမ္ပဏီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာခဲ့ပါသည်။

#DAWNMicrofinance #CreditTeamWorkshop2026 #CreditExcellence #YourReliableFinancialPartner

Scroll to Top