Early Dawn Microfinance မှ BURMA Business & Career Fair 2025 ပွဲတွင် ပူးပေါင်းပါဝင်

Early Dawn Microfinance အနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (တနင်္ဂနွေနေ့)တွင် UMFCCI Yangon ခန်းမ၌ MEH Myanmar မှ ကြီးမှူးကျင်းပသည့် BURMA Business & Career Fair 2025 ပွဲကြီးတွင် အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်ပြသခဲ့ပါသည်။

အဆိုပါပွဲကြီးတွင် မြန်မာ့စီးပွားရေး၏ ဒစ်ဂျစ်တယ်အနာဂတ် (Building Digital Future for Burma Business Industries) အကြောင်း ဆွေးနွေးပွဲများ၊ ခေတ်မီနည်းပညာဖြင့် ဝန်ဆောင်မှုပြခန်းများအပြင် စိတ်ဝင်စားစရာ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ပြသခဲ့ပါသည်။

Early Dawn Microfinance ၏ အလုပ်အကိုင် အခွင့်အလမ်းပြခန်းကို လာရောက်လည်ပတ်ပြီး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနယ်ပယ် (Microfinance Sector) မှာ ဘယ်လို ပါဝင်လုပ်ကိုင်နိုင်မလဲ ဆိုတာကို စိတ်အားထက်သန်စွာဖြင့် လာရောက်မေးမြန်းဆွေးနွေးခဲ့ကြသော လူငယ်လူရွယ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုလို အရည်အချင်းရှိတဲ့ အနာဂတ်မျိုးဆက်သစ်များနှင့် တွေ့ဆုံခွင့်ရတဲ့ အမှတ်တရကောင်းတွေကို ဖန်တီးပေးခဲ့သော MEH Myanmar ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

#EarlyDawnMicrofinance #BURMACareerFair2025 #CareerInFinance #DAWN #TheReliableFinancialPartner

Scroll to Top