Early Dawn Microfinance ၏ (၁၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် ရန်ကုန် (ရုံးချုပ်)၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် DAWN ၏ CEO နှင့် တာဝန်ရှိသူများမှ (၁၁) နှစ်ပြည့်မြောက်သည့် အခါသမယတွင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယနေ့အချိန်အထိ DAWN နှင့်အတူ လက်တွဲ၍ ကြိုးစားပံ့ပိုးပေးခဲ့ကြသော ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုခဲ့ပါသည်။
ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲ (၆၄)ရုံးတွင်လည်း သတ်မှတ်ထားသော နေ့ရက်အလိုက် ကုမ္ပဏီ၏ (၁၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ဝန်ထမ်းများအားလုံးအတူတစ်ကွ ပျော်ရွှင်စွာ ပါဝင်နိုင်သော အစီအစဉ်များဖြင့် သီးခြားစီ စီစဉ်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
Early Dawn Microfinance အနေဖြင့် (၁၁) နှစ် ပြည့်သည့်တိုင်အောင် အတူတစ်ကွ လက်တွဲပေးခဲ့ကြသော အဖွဲ့ဝင်အသင်အသားများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကုမ္ပဏီ၏ အောင်မြင်မှု ခရီးလမ်း တစ်လျှောက်တွင် အတူတစ်ကွ ပါဝင်ပေးခဲ့ကြသော ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားရင်း DAWN Microfinance ၏ (၁၁) နှစ်ပြည့် အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ရပါသည်။








