DAWN Microfinance မှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်း

DAWN Microfinance အနေဖြင့် YAGI မုန်တိုင်းကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသော ‌ဒေသများရှိ ဝန်ထမ်းများနှင့် ရေဘေးသင့်အသင်းသားအိမ်ထောင်စု (၁၈၀၀၀) ကျော်ထံသို့ ငွေကျပ်သိန်းပေါင်း (၄,၅၀၀) ကျော် တန်ဖိုးရှိ အဝတ်အထည်နှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို DAWN Microfinance (Head Office) ရှိ တာဝန်ရှိသူများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ စုပေါင်း၍ စက်တင်ဘာလ (၂၃) ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

DAWN Microfinance သည် မြန်မာနိုင်ငံအတွင်း တစ်နိုင်တစ်ပိုင်စွန့်ဦး တီထွင်လုပ်ငန်းရှင်များနှင့် အသေးစားစီးပွားရေး လုပ်ငန်းများကို အဓိကထား၍ ငွေကြေးဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသများရှိဝန်ထမ်းများအတွက် ကူညီထောက်ပံ့ငွေများနှင့် အသင်းသားအိမ်ထောင်စုများ၏ အခက်အခဲများကို တစ်စိတ်တစ်ပိုင်းမှ ကူညီထောက်ပံ့ပေးသည့်အနေဖြင့် ယခုကဲ့သို့ အဝတ်အထည်များနှင့် စားသောက်ကုန်ပစ္စည်းများကို စနစ်တကျထုပ်ပိုး၍ သက်ဆိုင်ရာ ဒေသများထံသို့ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ပါသည်။

ယခုလှူဒါန်းမူတွင် DAWN Microfinance အနေဖြင့် ရေဘေးသင့်ဒေသများဖြစ်သော ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ လယ်ဝေး၊ တောင်ငူ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ စဥ့်ကိုင်၊ ဘားအံ၊ ကြို့ပင်ကောက်၊ ဇီးကုန်း စသည့် မြို့ပေါင်း (၁၆)မြို့တို့အတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဤလှူဒါန်းမှုဖြစ်မြောက်အောင် ငွေအင်အား၊ လူအင်အားတို့ဖြင့် အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့ကြသော DAWN Microfinance မှ ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်အပ်ပါသည်။

#ဒွန်း #အားလီးဒွန်း #DAWN #DAWNMicrofinance

#FloodDonations #YourReliableFinancialPartner

Scroll to Top