၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် Early Dawn Microfinance ၏ Collection Team Workshop ကို Sakawar, Popa Room ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Workshop သည် Collection လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမိုတိုးမြှင့်စေရန်၊ PAR အခြေအနေများကို ပိုမိုသုံးသပ်နိုင်ရန် နှင့် အနာဂတ်လုပ်ငန်းစဉ်များအတွက် ပိုမိုထိရောက်သော လုပ်ငန်းမဟာဗျူဟာများ ချမှတ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
Workshop ၏ ပထမနေ့ကို CEO ၏ Opening Speech ဖြင့် စတင်ခဲ့ပြီး၊ ထို့နောက် COO နှင့် Head of Business တို့မှ လုပ်ငန်းဆိုင်ရာ အရေးကြီးသော အချက်အလက်များ နှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီအစဉ်များကို မျှဝေခဲ့ပါသည်။ ထို့နောက် Region အလိုက် PAR Analysis များကို presentation များဖြင့် တင်ပြဆွေးနွေးခဲ့ကြပြီး PAR အခြေအနေများ၊ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် တိုးတက်ကောင်းမွန်စေရန် လိုအပ်သည့် အချက်များကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ နေ့လယ်ပိုင်းတွင် PAR Analysis Review and Question & Answer session ကို ဆက်လက်ပြုလုပ်ခဲ့ပြီး လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အမြင်များကို မျှဝေဖလှယ်နိုင်ခဲ့ကြပါသည်။
ဒုတိယနေ့တွင် ယခင်နေ့ဆွေးနွေးချက်များကို recap ပြုလုပ်ကာ Effective Presentations session ဖြင့် စတင်ခဲ့ပြီး၊ ထို့နောက် case study များအား အဖွဲ့လိုက် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ Effective Communications, Effective Data Analysis နှင့် PAR Prevention ဆိုင်ရာ session များကို လေ့လာဆွေးနွေးခဲ့ကြပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် နည်းလမ်းများ၊ ပိုမိုကောင်းမွန်သော ဆက်သွယ်ဆောင်ရွက်မှုများနှင့် PAR ကို ကြိုတင်ကာကွယ်နိုင်မည့် လုပ်ငန်းစဉ်များအပေါ် ပိုမိုနားလည်သဘောပေါက်လာစေခဲ့ပါသည်။ Workshop ကို Award session ဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
ဤ Workshop သည် Collection Team အဖွဲ့ဝင်များအကြား အသိပညာဖလှယ်မှုကို တိုးမြှင့်ပေးရုံသာမက လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်စေရန်၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်နှင့် DAWN ၏ လုပ်ငန်းရည်မှန်းချက်များကို ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ Early Dawn Microfinance အနေဖြင့်လည်း ဤကဲ့သို့သော လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းကျွမ်းကျင်မှုများ ပိုမိုမြင့်မားလာစေရန် ဆက်လက်ရည်ရွယ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
#DAWNMicrofinance #CollectionTeamWorkshop #PARPrevention #YourReliableFinancialPartner







