၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် DAWN Microfinance ၏ CEO, CFO, COO နှင့်အတူ Senior Management Team မှ သက်ဆိုင်ရာ Department Head များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများသည် Operations Management Workshop FY 2025-2026 ဒုတိယအကြိမ်ကို ရန်ကုန်မြို့၊ Inya Lake Hotel ရှိ Mingalar Ballroom ၌ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခု Workshop သည် လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် နှင့် လာမည့် ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံချက်များကို ကြိုတင်ဆွေးနွေးချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
Workshop ပထမနေ့တွင် CEO, CFO နှင့် COO တို့မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး Operation Department မှ ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ အတွင်း လုပ်ဆောင်ခဲ့သည့် Business Development ဆိုင်ရာ အခြေအနေများ၊ Branch Operation ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တက်ရောက်လာကြသော ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ Group Discussion များ၊ Activity များပြုလုပ်ကာ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ မရှင်းလင်းသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
Workshop ဒုတိယနေ့တွင် ရုံးချုပ်ဌာနအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိဌာနအလိုက် ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများ၊ ရလဒ်များ၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်တင်ပြခဲ့ကြပြီး လာမည့် ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် Plan များ၊ လုပ်ငန်းဦးတည်ချက်များနှင့် အဓိက Activity များကို ဆွေးနွေးမျှဝေခဲ့ကြပါသည်။ ထို့ပြင် ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ အတွင်း ဌာနခွဲများမှ ရရှိခဲ့သော Branch Awards များကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးမှုများမှတစ်ဆင့် လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် လာမည့်နှစ်အတွက် ပိုမိုထိရောက်သော လုပ်ငန်းစီမံကိန်းများ ချမှတ်နိုင်ရန် အထောက်အကူပြုခဲ့ပါသည်။
အခမ်းအနားအဆုံးတွင် CEO မှ အမှာစကားပြောကြားခဲ့ပြီး DAWN Microfinance ၏ Operations Management Workshop FY 2025-2026 ဒုတိယအကြိမ် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ညပိုင်းအစီအစဉ်အဖြစ် Workshop တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသူများအားလုံးကို ညစာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး မတ်လအတွင်း မွေးနေ့ကျရောက်သည့် ဝန်ထမ်းများအတွက် Birthday Party အစီအစဉ်များ၊ သီဆိုဖျော်ဖြေမှုများဖြင့် ပျော်ရွှင်ဖွယ် ညပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြပါသည်။
#DAWNMicrofinance #OperationsManagementWorkshop #FY2526 #Teamwork #Leadership #BusinessDevelopment #FinancialYearPlanning















