DAWN Microfinance အနေဖြင့် ယခုလိုမျိုး ၁၀နှစ် ဆိုတဲ့အချိန်ကာလကို ရောက်ရှိလာနိုင်ခဲ့တာဟာ အခုချိန်အထိ DAWN နဲ့ အတူလက်တွဲပေးခဲ့ကြတဲ့ အဖွဲ့ဝင်အသင်းသားများအားလုံးရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံမှုများကြောင့်ပဲဖြစ်ပါတယ်။ DAWN ရဲ့ အောင်မြင်မှုဟာ အဖွဲ့ဝင်အသင်းသားတွေရဲ့ အောင်မြင်မှုလို့ ဆိုရင်လဲမမှားပါဘူး။ ၁၀နှစ်တာကာလအတွင်းမှာ DAWN Microfinance အနေဖြင့်လည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အဖွဲ့ဝင်အသင်းသားတွေရဲ့ ယုံကြည်အားပေးမှုတွေကြောင့်ပဲ ကောင်းမွန်စွာ ဖြတ်ကျော်လာနိုင်ခဲ့သလို အဖွဲ့ဝင်အသင်းသားတွေရဲ့ စီးပွားရေးအခက်အခဲတွေကိုလဲ DAWN အနေဖြင့် ပြန်လည် ကူညီဖေးမရင်း ၁၀နှစ်ဆိုတဲ့ အချိန်ကာလကို အတူလက်တွဲကျော်ဖြတ်လာခဲ့ကြတာပဲဖြစ်ပါတယ်။
အဲ့ဒါကြောင့် DAWN Microfinance ရဲ့ (၁၀)နှစ်ပြည့် အထိမ်းအမှတ်တွင် Client Appreciation Program ပွဲကိုလည်း ၂၀၂၅ခုနှစ်၊ မတ်လ (၁၀)ရက်နေ့က The Regency Office Tower ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် DAWN နှင့် (၁၀)နှစ်တိုင် လက်တွဲပေးခဲ့ကြသော တန်ဖိုးထားရတဲ့ အဖွဲ့ဝင်အသင်းသားအချို့နှင့်အတူ ကျင်းပပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကို ဂုဏ်ယူစွာဖြင့် မျှဝေပေးလိုက်ရပါတယ်။