Early Dawn Microfinance ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် Employees Appreciation Program ပွဲကို ၂၀၂၅ခုနှစ်၊ မတ်လ (၁၁)ရက်နေ့တွင် The Regency Office Tower ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ ဆရာကြီး Prof. Dr. Aung Tun Thet မှ “The Power of Appreciation” ခေါင်းစဉ်ဖြင့်ချီးမြှင့်ပြောကြားပေးခဲ့ပြီးနောက် DAWN Microfinance ၏ Chairman of the Board, Mr. Hein Swinkels နှင့် CEO, ဒေါ်ခင်သီတာ တို့က DAWN (၁၀)နှစ်ပြည့်မြောက်ခြင်းအတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ယနေ့အချိန်အထိ DAWN နဲ့အတူ လက်တွဲပြီး အတူကြိုးစားဖြတ်သန်းပေးခဲ့ကြသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့်နှစ်များတွင်လည်း DAWN အနေဖြင့် ယခုထက် ပိုမိုတိုးတက်အောင်မြင်လာစေရေး၊ Clients များကို ပိုမိုဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး COO, ဒေါ်နန်းညိုလှမှ ယခုနှစ်အတွင်း Branch Performance Awards ရရှိခဲ့ကြတဲ့ ဌာနခွဲများကိုလည်း ကြေညာပေးခဲ့ပြီး ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ် နောက်ဆုံးအနေဖြင့် (၁၀) နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ်ကိတ်မုန့်ကို အတူတကွ ခွဲခဲ့ကြပါတယ်။ ထို့အပြင် DAWN ရှိ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် အမှတ်တရ အင်္ကျီ၊ အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ခြင်း၊ ပျော်ရွှင်စရာ Game Activity များနှင့် အမှတ်တရ Group Photo များရိုက်ခြင်းတို့ကိုလည်း အတူတကွ ပါဝင်ခဲ့ကြပါတယ်။
DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Employees Appreciation Program ပွဲကို ယခုတစ်ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုံးခွဲ (၆၂) ရုံးလုံးတွင် တစ်ညီတစ်ညွတ်တည်း စီစဉ်ဆောင်ရွက် ကျင်းပပြုလုပ်ခဲ့ကြပုံ များကိုလည်း မျှဝေလိုက်ရပါတယ်။