DAWN Microfinance ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Gala Dinner ပွဲကျင်းပ

ကြွရောက်ချီးမြှင့်ပေးတဲ့ ဧည့်သည်တော်များရဲ့ ဂုဏ်ပြုလက်ခုပ်သံများဖြင့် အောင်‌အောင်မြင်မြင် ကျင်းပပြီးစီးခဲ့တဲ့ DAWN Microfinance ရဲ့ Gala Dinner Night

ပြီးခဲ့တဲ့ မတ်လ (၁၀)ရက်နေ့က DAWN Microfinance (၁၀)နှစ်ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုညစာ အခမ်းအနား (Gala Dinner) ကို ရန်ကုန်မြို့၊ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Gala Dinner ပွဲကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) မှ ညွှန်ကြားရေးမှူးချုပ်၊ Netherlands မှ Head of Mission၊ Chairman of the Board နှင့် Board of Director အဖွဲ့ဝင်များ၊ ဆရာကြီး Prof. Dr. Aung Tun Thet ၊ အထူးဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ DAWN Microfinance မှ ဝန်ထမ်းများနှင့် အတူတစ်ကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

DAWN Microfinance ရဲ့ Gala Dinner ပွဲလေးမှာ တက်ရောက်ချီးမြှင့် ဂုဏ်ပြုစကားပြောကြားပေးကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ အသိအမှတ်ပြု တက်ရောက်ပေးကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များနှင့် DAWN မှ ဝန်ထမ်းများရဲ့ ကူညီပံ့ပိုးပေးမှုများကြောင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ Gala Dinner ပွဲလေးရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်များကိုလည်း ဂုဏ်ယူစွာဖြင့် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

Scroll to Top