Dawn Microfinance မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း

၂၀၂၄ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် DAWN Microfinance ၏ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း အနေဖြင့် DAWN မှ ဝန်ထမ်းများ စုပေါင်းကာ အမျိုးသားသွေးလှူဘဏ်၌ သွေးလှူဒါန်းခဲ့ကြပါသည်။

သွေးလှူဒါန်းမှုတစ်ခုသည် အသက်အရွယ်၊ ကျား၊ မ မရွေး အမှန်တစ်ကယ် သွေးလိုအပ်နေသော လူနာများ၏ အသက်ကို ကယ်တင်နိုင်မှာဖြစ်သည့်အပြင် လူနာရှင်များအတွက်လဲ အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ ဤကဲ့သို့ မွန်မြတ်လှသော သွေးလှူဒါန်းခြင်းကို ကျွန်ုပ်တို့အနေဖြင့် ပါဝင်အထောက်အကူပြုနိုင်ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

ကျွန်ုပ်တို့သွေးဖြင့် တစ်ပါးသူ အသက်ဆက်လက် တည်ရှိနိုင်ရန် ပါဝင်အထောက်အကူ ပြုနိုင်သော မြင့်မြတ်လှသည့် သွေးလှူဒါန်းမူတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော DAWN ၏ ဝန်ထမ်းများအားလုံးနှင့် ကူညီဆောင်ရွက်ပေးကြသော အမျိုးသားသွေးလှူဘဏ်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအားလုံးကို DAWN Microfinance မှ လေးနက်စွာ ကျေးဇူးတင်ရှိပါသည်။

Scroll to Top