၂၀၂၅ ခုနှစ် မေလ (၁၅)ရက်နေ့တွင် DAWN Microfinance ၏ ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရန်အတွက် ကြည့်မြင်တိုင်ရုံးခွဲသစ် ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲအခမ်းအနားကို ဘုန်းကြီး (၅)ပါးအား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် တရားတော်နာယူခြင်းတို့ဖြင့် စတင်ခဲ့ပြီးနောက်တွင် CEO မှ ရုံးခွဲသစ်၏ ရည်မှန်းချက်များနှင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားစေရေးအတွက် အလေးအနက်မှာကြားခဲ့သည်။
ရုံးချုပ်ဌာနမှ တာဝန်ရှိသူများနှင့် ရုံးခွဲမှ ဝန်ထမ်းများကလဲ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန်အတွက် အဓိကထား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ရုံးချုပ်ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ရုံးခွဲမှ ဝန်ထမ်းများနှင့် ဧည့်သည်များကို ထောပတ်ထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ဆက်လက်ပြီး ကြည့်မြင်တိုင်ဌာနခွဲ၏ ချေးငွေစတင်ထုတ်ပေးခြင်းအခမ်းအနားကိုလဲ မေလ (၁၉)ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။