🌱 Growing Stronger Together, Leading with Purpose 💛

Early Dawn Microfinance ၏ Branch Heads Workshop ကို စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့၊ Summit Parkview Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Workshop တွင် CEO, CFO, COO, HOD များနှင့် Region/Branch Heads များ ပါဝင်တက်ရောက်ခဲ့ကြပြီး လုပ်ငန်းခွင်အတွင်း ပိုမိုထိရောက်သော Leadership နှင့် Management များ တည်ဆောက်နိုင်ရန်အတွက် အတွေ့အကြုံများ၊ အမြင်များနှင့် လုပ်ငန်းဆိုင်ရာအကြောင်းအရာများကို အတူတကွ ဆွေးနွေးလေ့လာခဲ့ကြပါသည်။ 🤝

Workshop အတွင်းမှာတော့

✨ Motivation & Leadership – မိမိကိုယ်တိုင်နှင့် မိမိ၏ Team ကို ပိုမိုကောင်းမွန်စွာ ဦးဆောင်နိုင်ရန်

✨ Team Management – ထိရောက်ပြီး စည်းလုံးညီညွတ်သော Team တစ်ခု တည်ဆောက်နိုင်ရန်

✨ Business Planning – လုပ်ငန်းတိုးတက်မှုအတွက် ရှေ့ဆက်မည့် Business Plans များ ချမှတ်နိုင်ရန်

✨ Growth & Portfolio Quality – Business Growth နှင့် Portfolio Quality ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရန်

✨ Engaging Clients – Clients များနှင့် ရေရှည်ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန်

✨ Client Nature & Segmentation – Client များ၏ သဘောသဘာဝနှင့် လိုအပ်ချက်များကို နားလည်ပြီး သင့်လျော်စွာ ဝန်ဆောင်မှုပေးနိုင်ရန်

စသည့် အကြောင်းအရာများကို အတူတကွ လေ့လာ၊ ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို မျှဝေခဲ့ကြပါသည်။ 📚💡

Organization တစ်ခုမှ Leadership က လမ်းပြပေးပြီး၊ Teamwork က ရှေ့ဆက်စေပါတယ်။ ပိုမိုကောင်းမွန်သော Team များ၊ ပိုမိုခိုင်မာသော Operations များနှင့် ပိုမိုတိုးတက်သော Early Dawn Microfinance အတွက် အတူတကွ ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ပါသည်။ 💛

Scroll to Top