🌱 ပျော်ရွှင်မှုတွေမျှဝေရင်း အနာဂတ်အတွက်အားဖြည့်ပေးခဲ့သော Early Dawn Microfinance ရဲ့ CSR Program

Early Dawn Microfinance မှ ကလေးတွေရဲ့ အနာဂတ်ပိုမိုတောက်ပလာစေဖို့ ရည်ရွယ်ပြီး လူမှုအကျိုးပြုလှုပ်ရှားမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ “ချစ်ခြင်းမေတ္တာ ပရဟိတဂေဟာ” ၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် Senior Management Team Members များနှင့် ဝန်ထမ်းများစုပေါင်းပြီး တက်ကြွစွာဆောင်ရွက်ခဲ့ကြပါသည်။ ဒီ Activity လေးမှာ အားလုံးနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို မျှဝေခွင့်ရခဲ့ပါတယ်။

🎶 ကလေးတွေအတွက် သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ခြင်း

🎮 ပျော်ရွှင်စရာ ဂိမ်းများ အတူတူကစားပေးခဲ့ခြင်း

🍞 မနက်စာ၊ နေ့လည်စာနဲ့ မုန့်မျိုးစုံ ကျွေးမွေးပေးခဲ့ခြင်း

🎁 ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲနဲ့ အခြားစားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့ခြင်းတို့ဖြင့် ကလေးတွေနဲ့အတူ နွေးထွေးပျော်ရွှင်စရာနေ့တစ်နေ့ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 💕

ကလေးတွေရဲ့ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်မှုလေးတစ်ခုက ကျွန်ုပ်တို့အတွက်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။ 🌈

Early DAWN Microfinance အနေဖြင့် လူမှုအကျိုးပြုလှုပ်ရှားမှုအခန်းကဏ္ဍတို့တွင် ယခုလို ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြလိုက်ပါသည်။ 🤝💛

Scroll to Top