| အဓိကတာဝန်ဝတ္တရားများ
၁။ လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ
· လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း
· ချေးငွေရယူရန် အလားအလာရှိသူများထံသွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း
· လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း
· အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များဆိုင်ရာသင်တန်းများ ပြုလုပ်ခြင်း
· စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း
· ငွေချေးသူများ၏ ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အဝတိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း
· ငွေချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စုပိုင်ဆိုင်ပစ္စည်းစာရင်း အသေး စိတ်ကို စစ်ဆေးခြင်း
· လုပ်ငန်းအကောင်အထည် ဖော်ဆောင်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ် ထားသည့်အတိုင်း အပြည့်အဝကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း
· လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန် ဆောင်ရွက်ခြင်း
· အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်း ရေးသွင်းခြင်း
၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ
· ချေးငွေရယူလိုသူများအား စိစစ်ရွေးချယ်ခြင်း
· ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များကို စိစစ်ခြင်းနှင့်လိုအပ်ချက်များ ဖြည့်စွက် နိုင်ရန်ကူညီပေးခြင်း
· ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း
· လုပ်ငန်းဒေသသို့ သွားရောက်ကြည့်ရှုခြင်းနှင့် ထောက်ခံမည့်သူများမှတဆင့် စစ်ဆေးခြင်း
· လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း
· ချေးငွေထုတ်ပေးရေးအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း
· ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း
· လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း
· အနည်းဆုံး အဖွဲ့ဝင် (၂၀၀) အထိတာဝန်ယူ၍ ချေးငွေများထုတ်ပေးခြင်း၊ အရစ်ကျငွေကောက်ခံခြင်း တို့ကို ဆောင်ရွက်ပေးခြင်း။
· ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း
· လုပ်ငန်းအစီအစဉ်တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း
၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ
· ငွေချေးယူသူများနှင့်ပက်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီ ထိန်းသိမ်းထားရှိခြင်း
· သက်ဆိုင်ရာဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့်စာရင်းကိုင်တို့ ပုံမှန်စစ်ဆေးချက်များနှင့်အတူ ငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကိုအချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း
· အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း |