ဝန်ထမ်းတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှု၊ အလုပ်အပေါ်ထားရှိသော စိတ်အားထက်သန်မှု၊ အချင်းချင်း လက်တွဲပူးပေါင်းလုပ်ဆောင်မှုတို့ကြောင့် Early Dawn Microfinance အနေဖြင့် ယနေ့ထက်တိုင် အောင်မြင်မှုများစွာကို ဆက်လက်ရရှိနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို အောင်မြင်မှုတိုင်းရဲ့ အခြေခံအချက်ဟာ ဝန်ထမ်းများဖြစ်ပြီး အဆိုပါ ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ DAWN ဝန်ထမ်းများအားလုံး ပါဝင်နိုင်တဲ့ Head Office နှင့် Region-1 မှ Region-10 အထိ Region အလိုက် Staff Retreat ခရီးစဉ်များကို တောင်ကြီး၊ အင်းလေး၊ ကလော၊ ဘားအံ၊ ပုဂံ နှင့် ငွေဆောင်ကမ်းခြေ ခရီးစဉ်များဖြင့် ဝန်ထမ်းများအတွက် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ အမှတ်တရအပြည့်နဲ့ အနားယူစရာ အချိန်တစ်ခုကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ Staff Retreat ခရီးစဉ်များကို DAWN Microfinance ၏ ဌာနခွဲများမှ ဝန်ထမ်းများစုပေါင်းပြီး Region အလိုက် ရွေးချယ်ထားသော ခရီးစဉ်များကို သွားရောက်ခဲ့ကြပြီး Region တစ်ခုချင်းစီ၏ ခရီးစဉ်များတွင်လည်း ရုံးချုပ်၊ Senior Management Team (SMT) အဖွဲ့ဝင်များက ဝန်ထမ်းများထံ အလှည့်ကျ သွားရောက် ပူးပေါင်းကာ ဝန်ထမ်းများကို ခရီးစဉ်နှင့်ပတ်သက်ပြီး ကြိုးစားအောင်မြင်မှုမှတ်တိုင်များ၊ ဂုဏ်ပြုအသိအမှတ်ပြု စကားများကို အလေးအနက်ထား ပြောကြားပေးခဲ့ကြပါသည်။
ခရီးစဉ်တွင်လည်း (၁၀)နှစ်ပြည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးခဲ့ပြီး အမှတ်တရ ညစာစားပွဲ အစီအစဉ်များကို ကျင်းပပေးခဲ့ခြင်းဖြင့် ဝန်ထမ်းတိုင်းအတွက် ပျော်ရွှင်မှု၊ အောင်မြင်မှုခံစားချက်များကိုလည်း ရရှိစေခဲ့ပါတယ်။
DAWN Microfinance မှ Staff Retreat Program ကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုရင်းနှီးလာစေကာ စိတ်သစ်၊ ခွန်အားအသစ်တို့နဲ့ လုပ်ငန်းခွင်မှာပျော်ရွှင်စေဖို့ အားပေးလှုံ့ဆော် ပေးခြင်းဖြစ်ပြီး DAWN Microfinance အတွက်လည်း အောင်မြင်မှုအသစ်များဆီကို ထပ်မံတက်လှမ်းနိုင်ဖို့ အင်အားတစ်ခု ဖြစ်ခဲ့ပါတယ်။
ယခုလို Staff Retreat ခရီးစဥ်ပြုလုပ်နိုင်ရန် ခွင့်ပြုပေးပါသော DAWN Microfinance ၏ BOD Member များ၊ Senior Management Team Member များနှင့် ခရီးစဥ်များ အောင်မြင်ရန်အတွက် စီစဥ်ဆောင်ရွက်ပေးကြသော ရုံးချုပ်ဌာနမှ တာဝန်ရှိသူများ၊ Regional Head များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း အမှတ်တရပုံရိပ်များကို မျှဝေလိုက်ရပါတယ်။





















