Early Dawn Microfinance အနေဖြင့် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ သင်ယူနိုင်စွမ်း၊ ပြန်လည်သင်ကြားပေးနိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ RVi Institute Professional Development Center နှင့် ပူးပေါင်းကာ Train-The-Trainer (TTT) Program ကို December လ၊ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား သင်ကြားပေးနိုင်စွမ်း၊ Facilitation Skill နှင့် Communication Skill တိုးတက်စေရန်သာမက မိမိဌာနတွင်း Knowledge Sharing Leader များအဖြစ် ရပ်တည်နိုင်ရန်အတွက်လည်း ဖြစ်ပါသည်။
TTT Program တွင် တက်ရောက်သူများသည် သင်ကြားမှုနည်းဗျူဟာများကို လက်တွေ့ကျကျနှင့် အတွေ့အကြုံများစွာရှိသော ဝါရင့် Trainer များထံမှ အနီးကပ် ဆွေးနွေးလေ့လာနိုင်ခဲ့ကြပါသည်။ Interactive Group Activities, Presentation Practice, Real-case Discussion များမှတဆင့် ဝန်ထမ်းများသည် သင်ကြားပေးခြင်း၏ အဓိပ္ပါယ်နှင့် နည်းစနစ်များကို စနစ်တကျလေ့လာသင်ယူနိုင်ခဲ့ပြီး မိမိတို့၏ Delivering Skill များ၊ Learning Outcome များကို ပြန်လည်သုံးသပ်ပေးသည့် Mentoring Process ကိုလည်း ပိုမိုတိုးတက်လာစေခဲ့ပါသည်။
Early Dawn Microfinance သည် Long-term အတွက် ရည်ရွယ်၍ Staff Development Program (TTT Program) ကဲ့သို့သော သင်တန်းများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပြီး ဝန်ထမ်းများ၏ Attitude, Skill, Knowledge များကို တိုးတက်ကောင်းမွန်စေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။
#StaffDevelopmentProgram #EmployeeWellbeing
#အားလီးဒွန်းမိုက်ကရိုဖိုင်းနန့်စ်
#DAWN #YourReliableFinancialPartner










