Early Dawn Microfinance မှ “Planting Trees, Green Futures” ဆောင်ပုဒ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် လူမှုအကျိုးပြုလှုပ်ရှားမှုများကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ “ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း” ၌ Senior Management Team Members များနှင့် ဝန်ထမ်းများစုပေါင်းပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလ ၆ရက်နေ့တွင် တက်ကြွစွာဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါနေ့တွင် သစ်ပင်စိုက်ပျိုးခြင်းသက်သက်သာ မဟုတ်ဘဲ အနာဂတ်အတွက်မျှော်လင့်ချက်၊ ဖွံဖြိုးတိုးတက် မှုနှင့် ဝန်ထမ်းများအတူတစ်ကွစည်းလုံးဆောင်ရွက်သည့် စိတ်ဓာတ်တို့ကိုလည်း သိသာထင်ရှား စေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် “ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း” ရှိ ကလေးငယ်များ၊ ဆရာ/ဆရာမ များ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ စုစုပေါင်း ၃၅၀ဦး တို့အတွက် မနက်စာ၊ နေ့လည်စာ အပါအဝင် ကျောင်းဝတ်စုံများ၊ ဆန်အိတ်များ၊ မုန့်ပဲသရေစာများနှင့် အလှူငွေများကိုလည်း သဒ္ဓါတရားထက်သန်စွာဖြင့် စုပေါင်းလှူဒါန်းခဲ့ကြပါသည်။
ဤလှူဒါန်းမှုသည် ငွေကြေးအထောက်အပံ့အတွက်သာ မဟုတ်ဘဲ လူသားအချင်းချင်း ဂရုစိုက်မှု၊ အားပေးကူညီ မှုနှင့် ပျော်ရွှင်မှုများကို အတူတစ်ကွ မျှဝေပေးခဲ့ခြင်းဖြစ်ပါသည်။ Early Dawn Microfinance အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် လူမှုအကျိုးပြုလှုပ်ရှားမှုအခန်းကဏ္ဍတို့တွင် ယခုလို ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြလိုက်ပါသည်။


















