Early Dawn Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ၊ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် DAWN ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်နှင့် အနုမောဒနာတရားများကို ဟောကြား ချီးမြှင့်ပြီးနောက် ကုမ္ပဏီဝန်ထမ်းများက ဆရာတော် သံဃာတော်တို့ကို ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မ လှုဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့ကြပြီး ကုမ္ပဏီဝန်ထမ်းများကိုလည်း နံနက်စာ၊ နေ့လည်စာတို့ဖြင့် ကျွေးမွေးခဲ့ပါသည်။
ယနေ့ပြုလုပ်သော DAWN Microfinance ကုမ္ပဏီလီမိတက်၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို DAWN ၏ အဖွဲ့ဝင်များ နှင့်တစ်ကွ နတ်လူသတ္တဝါအပေါင်းတို့အား သာဓုခေါ်ဆိုနိုင်စေရန်အတွက် အမျှကုသိုလ်ပေးဝေလိုက်ပါသည်။






