ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ
တစ်ဦးချင်း ချေးငွေ
- DAWN တစ်ဦးချင်းချေးငွေသည် လက်လီလက်ကား အရောင်းဆိုင်၊ စားသောက်ဆိုင်၊ ဝန်ဆောင်မူ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ နှင့် အခြားအလားတူ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် အတွေ့အကြုံရှိသော ကိုယ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင်များအတွက် ဖြစ်ပါသည်။
- သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ -
- ချေးငွေပမာဏမှာ ငွေကျပ် သိန်း၃၀ မှ ငွေကျပ်သိန်း ၁၀၀ အထိဖြစ်သည်။
- ချေးငွေ အမျိုးအစားအပေါ်မှုတည်၍ ချေးငွေသက်တမ်းမှာ ၆လမှ ၂၄လအထိဖြစ်သည်။
- အတိုးနှုန်းမှာ တစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း
- ဝန်ဆောင်ခ အနေဖြင့် စာရွက်စာတမ်းကြေးနှင့် လူမှုရေးထောက်ပံ့မှုရန်ပုံငွေအတွက် ချေးငွေပမာဏ၏ (၂) ရာခိုင်နှုန်း ကောက်ခံပါသည်။
- လစဉ် အရင်းနှင့် အတိုး ပေးသွင်းရမည်။
- ချေးငွေပမာဏ၏ (၃ - ၅ ) ရာခိုင်နှုန်းကို မဖြစ်မနေစုဆောင်းငွေ အဖြစ် စုရမည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄) ရာခိုင်နှုန်း (သို့မဟုတ်) တစ်လလျှင် (၁.၁၆၇) ရာခိုင်နှုန်း ဖြစ်သည်။
- ချေးငွေပမာဏ အပေါ်မှုတည်ပြီး အာမခံပေးမည့်သူ ၁ ဦးမှ ၂ ဦးရှိရမည်။
- လိုအပ်ချက်များ
- မြန်မာနိုင်ငံသားဖြစ်ရမည်။
- အသက်၂၂ မှ ၆၁ အတွင်း စီးပွားရေး လုပ်ငန်းပိုင်ရှင် ဖြစ်ရမည်။
- မှတ်ပုံတင်၊ သန်းခေါင်စာရင်း ရှိရမည်။
- လုပ်ငန်းလိုင်စင် ရှိရပါမည်။
- လုပ်ငန်းသက်တမ်း အနည်းဆုံး ၂ နှစ် ရှိရမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်သည့် စီးပွားရေးနေရာတွင် ၁ နှစ် နေထိုင်လုပ်ကိုင်သူဖြစ်ရမည်။
အဖွဲ့လိုက်ချေးငွေ
- DAWN အဖွဲ့လိုက်ချေးငွေသည် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးများအတွက် ၎င်းတို့၏ စီးပွားရေး လုပ်ငန်း တိုးတက်နိုင်စေရန် ရည်ရွယ်ပြီး အဖွဲ့လိုက်အာမခံပေးရသော ချေးငွေအမျိုးအစားဖြစ်သည်။
- အထွေထွေချေးငွေ
- ရာသီလိုက်ချေးငွေ
- စီးပွားရေးချေးငွေ
- သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ -
- ချေးငွေပမာဏမှာ ငွေကျပ် ၅ သိန်း မှ ငွေကျပ်သိန်း ၃၀ အထိဖြစ်သည်။
- ချေးငွေ အမျိုးအစားအပေါ်မှုတည်၍ ချေးငွေသက်တမ်းမှာ ၆လမှ ၁၂လအထိဖြစ်သည်။
- အတိုးနှုန်းမှာ တစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း
- ဝန်ဆောင်ခ အနေဖြင့် စာရွက်စာတမ်းကြေးနှင့် လူမှုရေးထောက်ပံ့မှုရန်ပုံငွေအတွက် ချေးငွေပမာဏ၏ (၂) ရာခိုင်နှုန်း ကောက်ခံပါသည်။
- လစဉ် အရင်းနှင့် အတိုး ပေးသွင်းရမည်။ ရာသီအလိုက်ချေးငွေတွင် လစဉ်အတိုးသာပေးသွင်းရပြီး နောက်ဆုံးငွေပေးသွင်းရမည့် နေ့တွင် အရင်းနှင့် အတိုး (၁)လစာ။
- ချေးငွေအကြိမ်ရေ အပေါ်မူတည်၍ ချေးငွေပမာဏ၏ (၃ - ၅) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းကို မဖြစ်မနေစုဆောင်းငွေ အဖြစ် စုရမည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄) ရာခိုင်နှုန်း (သို့မဟုတ်) တစ်လလျှင် (၁.၁၆၇) ရာခိုင်နှုန်း ဖြစ်သည်။
- အဖွဲ့လိုက်ချေးငွေတွင် အဖွဲ့ဝင်များ၏ အာမခံချက်နှင့် အခြား (၁)ဦး။ စီးပွားရေးချေးငွေအတွက် အာမခံ (၂)ဦး။
- လိုအပ်ချက်များ
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- အသက် ၁၈ နှစ်မှ ၆၂ နှစ် အထိသာ ဖြစ်ရမည်။ (လက်ရှိ အဖွဲ့ဝင်ဖြစ်ပါက အသက် ၇၀ နှစ် အထိ ချေးယူခွင့်ရှိသည်)။
- မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားရှိရမည်။
- လက်ရှိနေထိုင်ရာတွင် အတည်တကျ နေထိုင်သူဖြစ်ရမည်။
- တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူဖြစ်ရမည်။
- အဖွဲ့ဝင်အချင်းချင်း စိတ်ချယုံကြည်သိရှိသူဖြစိပြီး ငွေကြေးဆိုင်ရာ နာမည်ပျက်မရှိသူ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
အဖွဲ့လိုက်ချေးငွေ
- DAWN အဖွဲ့လိုက်ချေးငွေသည် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးများအတွက် ၎င်းတို့၏ စီးပွားရေး လုပ်ငန်း တိုးတက်နိုင်စေရန် ရည်ရွယ်ပြီး အဖွဲ့လိုက်အာမခံပေးရသော ချေးငွေအမျိုးအစားဖြစ်သည်။
- အထွေထွေချေးငွေ
- ရာသီလိုက်ချေးငွေ
- စီးပွားရေးချေးငွေ
- သတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ -
- ချေးငွေပမာဏမှာ ငွေကျပ် ၂ သိန်း မှ ငွေကျပ်သိန်း ၃၀ အထိဖြစ်သည်။
- ချေးငွေ အမျိုးအစားအပေါ်မှုတည်၍ ချေးငွေသက်တမ်းမှာ ၆လမှ ၁၂လအထိဖြစ်သည်။
- အတိုးနှုန်းမှာ တစ်နှစ်လျှင် (၂၈) ရာခိုင်နှုန်း (သို့မဟုတ်) တစ်လလျှင် (၂.၃၃) ရာခိုင်နှုန်း ဖြစ်သည်။
- ဝန်ဆောင်ခ အနေဖြင့် စာရွက်စာတမ်းကြေးနှင့် လူမှုရေးထောက်ပံ့မှုရန်ပုံငွေအတွက် ချေးငွေပမာဏ၏ (၂) ရာခိုင်နှုန်း ကောက်ခံပါသည်။
- လစဉ် အရင်းနှင့် အတိုး ပေးသွင်းရမည်။ ရာသီအလိုက်ချေးငွေတွင် လစဉ်အတိုးသာပေးသွင်းရပြီး နောက်ဆုံးငွေပေးသွင်းရမည့် နေ့တွင် အရင်းနှင့် အတိုး (၁)လစာ။
- ချေးငွေအကြိမ်ရေ အပေါ်မူတည်၍ ချေးငွေပမာဏ၏ (၃) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းကို မဖြစ်မနေစုဆောင်းငွေ အဖြစ် စုရမည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၄) ရာခိုင်နှုန်း (သို့မဟုတ်) တစ်လလျှင် (၁.၁၆၇) ရာခိုင်နှုန်း ဖြစ်သည်။
- အဖွဲ့လိုက်ချေးငွေတွင် အဖွဲ့ဝင်များ၏ အာမခံချက်နှင့် အခြား (၁)ဦး။ စီးပွားရေးချေးငွေအတွက် အာမခံ (၂)ဦး။
- လိုအပ်ချက်များ
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- အသက် ၁၈ နှစ်မှ ၆၂ နှစ် အထိသာ ဖြစ်ရမည်။ (လက်ရှိ အဖွဲ့ဝင်ဖြစ်ပါက အသက် ၇၀ နှစ် အထိ ချေးယူခွင့်ရှိသည်)။
- မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားရှိရမည်။
- လက်ရှိနေထိုင်ရာတွင် အတည်တကျ နေထိုင်သူဖြစ်ရမည်။
- တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူဖြစ်ရမည်။
- အဖွဲ့ဝင်အချင်းချင်း စိတ်ချယုံကြည်သိရှိသူဖြစိပြီး ငွေကြေးဆိုင်ရာ နာမည်ပျက်မရှိသူ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
စုငွေများ
စိတ်ကြိုက်စုငွေ
လက်ရှိ DAWN မှချေးငွေရယူထားသော အဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။ DAWN စိတ်ကြိုက်စုငွေစာရင်းသည် ယုံကြည်စိတ်ချစွာအပ်နှံလို့ရခြင်း၊ အလွယ်တကူထုတ်ယူလို့ရခြင်း၊ အပ်နှံထားသည့်ငွေပမာဏအပေါ် (တစ်နှစ်လျှင် အတိုး ၁၄ ရာခိုင်နှုန်း) ရခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး အဖွဲ့ဝင်များ၏ အနာဂတ်ကို အာမခံချက် အပြည့်အ၀ ပေးပါသည်။