Savings Deposit Officer – Bago (East) Region + Mon Region (Mawlamyine based) & Bago (West) Region + Magway Region (Pyay based)

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Early Dawn Microfinance Company သည် လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်းရှိ ဌာနခွဲပေါင်း ၆၂ ခုတွင် အဖွဲ့ဝင်ပေါင်း ၂၇၀,၀၀၀ ကျော်ကို ချေးငွေဝန်ဆောင်မှုပေးနေတဲ့ အောင်မြင်နေသော အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့ အဖွဲ့အစည်းသည် ဝန်ထမ်းပေါင်း ၈၀၀ကျော်နှင့်အတူ မြန်ဆန်စွာ ဖွံဖြိုးတိုးတက်လျက်ရှိပြီး မြို့နယ်အသစ်များ တိုးချဲ့ရန်  ထူးချွန်ထက်မြက်သော ဝန်ထမ်းအင်အားများ ဖြည့်တင်းရန် လိုအပ်နေပါသည်။ DAWNသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြုလိုင်စင်ရရှိထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ချေးငွေဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

JOB PROFILE

ရာထူး Savings Deposit Officer
နေရာဒေသ Bago (East) Region + Mon Region (Mawlamyine based)

Bago (West) Region + Magway Region (Pyay based)

၀န်ထမ်းအရေအတွက် ဦး
ဆက်သွယ်ဆောင်ရွက်ရမည့်သူများ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ။
ကြီးကြပ်သူဝန်ထမ်း Savings Deposit Manager
ရာထူးအကျဉ်းဖော်ပြချက်

Savings Deposit Officer သည် Savings Deposit Manager ထံသို့ အစီရင်ခံတင်ပြရမည်။ DAWN ၏ အဓိက ဖောက်သည်များဖြစ်သော ချေးငွေအသင်းသားများအတွက် DAWN ၏ စုငွေနှင့် စုငွေဆိုင်ရာ နည်းဗျူဟာများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Product Design၊ Product Development များ ပြုလုပ်ရာတွင် အထောက်အကူ ပေးခြင်းစသည်တို့တွင် ပါဝင်ဆောင်ရွက်ရမည်။ ရုံးခွဲရှိ စုငွေဆိုင်ရာကဏ္ဍများကို ကြီးကြပ်ကွပ်ကဲရမည်။

အဓိကတာဝန်ဝတ္တရားများ

·       Saving Deposit Mobilization နှင့်စပ်လျဉ်း၍ စီးပွားရေးတိုးတက်မှုဆိုင်ရာ ဈေးကွက်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ခြင်း၊ ရရှိလာသော သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် အထောက်အကူပေးခြင်း။

·       ထုတ်ကုန်နှင့်ပါတ်သက်၍ မွန်းမံပြင်ဆင်ချက်များအပေါ် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် အလားအလာရှိသော ဖောက်သည်များကို လိုအပ်သော သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း။

·       အသင်းသားများ၏ အခက်အခဲနှင့် စုံစမ်းမေးမြန်းမှုများနှင့်ပါတ်သက်၍ ဝန်ဆောင်မှုပေးခြင်း/ ပံ့ပိုးကူညီခြင်း။

·       Savings Deposit Manager ထံသို့ စုငွေနှင့်ပတ်သက်၍ အစီရင်ခံစာများ အကြံပြုချက်များပေးပို့ခြင်း။

·       လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် Zone/ Region/ Branch Level Team များနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်ခြင်း။

·       စုငွေဆိုင်ရာသင်တန်းပို့ချမှု၊ ဌာနခွဲလုပ်ငန်းဆောင်ရွက်မှုနှင့် လက်ရှိဖွံ့ဖြိုးတိုးတက်မှု၊ စုငွေထုတ်ကုန်မိတ်ဆက်မှု စသည်တို့တွင် ပံ့ပိုးပေးခြင်း။

·       Pamphlet များ၊ Savings Promotional Material များအား ရုံးခွဲတွင် ထားရှိမှုအခြေအနေ၊ ဈေးကွက်ရှာဖွေခြင်း၊ အသင်းသားများနှင့်တိုက်ရိုက်ဆက်ဆံခြင်းစသည်တို့နှင့်ပါတ်သက်သည်၍ Marketing Department နှင့်အတူ လက်တွဲ၍ လုပ်ဆောင်ခြင်း။

·       အဖွဲ့အစည်း၏လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုံခြံရေးအရလိုအပ်ချက်များကို အချိန်တိုင်း နားလည်မှုနှင့် သေချာစွာလိုက်နာမှုကို စစ်ဆေးခြင်း။

·       Branch Target နှင့်ပါတ်သက်၍ လိုအပ်သော နည်းပညာများကို ပံ့ပိုးခြင်း။

·       စုငွေတိုးတက်မှု၊ လုပ်ငန်းစွမ်းဆောင်မှုများကို ပုံမှန်စောင့်ကြည့်လေ့လာပြီး လိုအပ်သော Report များ ပြင်ဆင်ခြင်း။

·       စုငွေစုဆောင်းခြင်းအားတိုင်းတာမှုဆိုင်ရာ အစီရင်ခံစာများကို စနစ်တကျပြင်ဆင်ရာတွင် ကူညီပေးခြင်း။

အခြား

·       ရုံးခွဲများရှိ ငွေစုခြင်းလုပ်ငန်းစဉ်များအား ကြီးကြပ်မှုကို ပံ့ပိုးကူညီရန် မြန်မာနိုင်ငံအနှံ့ ခရီးထွက်ရန် လိုအပ်သည်။

·       DAWN ၏ ထုတ်ကုန်နှင့် ဈေးကွက်ရှိ အခြားအဖွဲ့အစည်းများနှင့်ပါတ်သက်၍ ကောင်းမွန်စွာ သိရှိနားလည်ရမည်။

·       Supervisor မှ ပေးအပ်သော တာဝန်များနှင့် အခြားဆက်စပ်သော လုပ်ငန်းများကို လုပ်ဆောင်နိုင်ရမည်။

·       ဌာန၏အောင်မြင်မှုများရရှိနိုင်ရန် မိမိအသင်းအဖွဲ့နှင့်သာမက အခြားသောအသင်းဝင်များနှင့်ပါ ပူးပေါင်းပါဝင်လုပ် ဆောင်နိုင်ရမည်။

·       အဖွဲ့အစည်းအလိုက်လုပ်ဆောင်နိုင်မှုနှင့် ထုတ်ကုန်စွမ်းရည် ရှိရမည်။

·       အဖွဲ့အတွင်းလုပ်ဆောင်မှုကို အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရမည်။

·       အခက်အခဲများအား ပုံမှန်ဖြေရှင်းနိုင်မှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှုနှင့် ခွဲခြမ်းစိတ်ဖြာနိုင်မှုတို့ရှိရမည်။

·       ကောင်းမွန်သော စီမံခန့်ခွဲမှုအရည်အချင်းနှင့် ရလဒ်များပေါ်တွင် ဦးစားပေးလုပ်ဆောင်နိုင်ရမည်။

·       ဆက်ဆံရေးကောင်းမွန်ပြေပြစ်သူဖြစ်ရမည်။ ကုမ္ပဏီနှင့်လက်တွဲ၍ လုပ်ကိုင်လျှက်ရှိသော လူနေမှုပတ်ဝန်းကျင် အမျိုးမျိုးမှ ဖောက်သည်များစွာနှင့် ဆက်ဆံပြောဆိုရာတွင် ကောင်းမွန်စွာချိတ်ဆက်ပြောဆိုနိုင်သည့် အတွေ့အကြုံ ရှိရန် လိုအပ်သည်။

လိုအပ်သော ပညာအရည်အချင်း

·       တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (စာရင်းအင်းပညာနှင့် စီးပွားရေးပညာရပ်ဖြင့် ဘွဲ့ရရှိထားသူများကို ဦးစားပေးမည်။)

·       Microfinance/ Bank လုပ်ငန်းတွင် အနည်းဆုံးလုပ်သက် (၃) နှစ် ရှိပြီးသူ ဖြစ်ရမည်။ (စုငွေစီမံခန့်ခွဲမှုနှင့် ပါတ်သက်၍ အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။)

·       ထုတ်ကုန်များအား အသုံးပြုရန် မိတ်ဆက်ခြင်း၊ ဖောက်သည်များ၏ စာရင်းများကို စီမံခန့်ခွဲခြင်းတို့နှင့်ပါတ်သက်၍ ဝန်ဆောင်မှုပေးရာတွင် ကောင်းမွန်စွာဆက်ဆံပြောဆိုနိုင်သူ ဖြစ်ရမည်။

·       မြန်မာနှင့် အင်္ဂလိပ် ဘာသာကို ကောင်းမွန်စွာ ရေး/ဖတ်/ပြောဆိုနိုင်ရမည်။

·       Microsoft Office နှင့်ပါတ်သက်၍ Word, PowerPoint, Excel စသည်တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

ဆက်သွယ်ရမည့်ဖုန်း နှင့် လျှောက်ထားနိုင်သည့် ရုံးချုပ် လိပ်စာ ၊ Email လိပ်စာများ

ရန်ကုန်ရုံးချုပ်: အခန်း – ၅၈၇၊ ၊ ၃ လွှာ၊ The Regency Offices ၊ ပြည်လမ်း ၊ (၂) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဇုံနယ်ရုံး : အမှတ် (၂၅၉)၊ အမှတ် (၅) နယ်မြေ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမ၊ နန်းတော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့။

Email : jobs@dawn.com.mm (သို့မဟုတ်) HR ဌာနဖုန်းနံပါတ် ၀၉-၄၅၇၇၅၀၉၁၆ (Viber) သို့ ၁၃ရက်၊ မေလ၊ ၂၀၂၅ခုနှစ် ညနေ ၅း၀၀ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

To apply for this job email your details to jobs@dawn.com.mm

Scroll to Top